/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကယ်စီယမ်ဓာတ်-ချို့တဲ့တဲ့အခါ-ဘာတွေဖြစ်နိုင်သလဲ

ကယ်စီယမ်ဓာတ် ချို့တဲ့တဲ့အခါ ဘာတွေဖြစ်နိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကယ်စီယမ်ဓာတ်ဟာ နှလုံးခုန်နှုန်း မှန်စေဖို့၊ ကြွက်သားတွေ အားကောင်းဖို့ နဲ့ အခြား ခန္တာကိုယ်အတွက် အရေးကြီးတဲ့အလုပ်တွေအတွက် လိုအပ်ပါတယ်။ ကယ်စီယမ်ဓာတ် ချို့တဲ့ရင် အရိုးပွ၊ အရိုးပါးရောဂါနဲ့  အခြားရောဂါတွေကို ဖြစ်စေပါတယ်။

>>  ကယ်စီယမ်ဓာတ် ချို့တဲ့တဲ့အခါ
●  အသက်ရှူရင် အသံမြည်တာ
●  မေ့လဲတာ
●  ကြွက်သားတွေ ကိုက်ခဲတာ
●  ခြေထောက်တွေ၊ မျက်နှာတွေ ထုံတာ
●  လက်သည်းတွေ ကျိုးလွယ်တာ
●  စိတ်ဓာတ်ကျတာ
●  သွားတွေ မကောင်းတော့တာ
●  အသားအရေ ခြောက်သွေ့တာ
●  မေ့တတ်တာ
●  ဓာတ်မတည့်တာတွေ ဖြစ်တာ
●  မျက်လုံး တိမ်စွဲတာ
●  ကျောက်ကပ်မှာ ကျောက်တည်တာ
●  ရင်ဘတ်အောင့်တာ
●  မောပန်းလွယ်တာ
●  လက်တွေ ထုံတာ
●  ကိုယ်ဝန် ခဏခဏ ပျက်ကျတာ
●  ကလေးမရတာ
●  တက်တာ
●  နှလုံးရဲ့ လုပ်ဆောင်ရည်တွေ ကျဆင်းတာ
●  အရိုးပွတာ စသည့်တို့ ဖြစ်ပေါ်နိုင်ပါတယ်။

>>  ဘာကြောင့် ကယ်စီယမ်ဓာတ် ချို့တဲ့တာလဲ?
●  ပြင်ပ/အစားအစာကနေ လုံလောက်စွာ မရတာ
●  အသက်အရွယ်ကြီးလာတာ
●  Vit D ချို့တဲ့တာ
●  ကျောက်ကပ်ရောဂါ၊ လည်ပင်းကြီးကောဂါ၊ အစာအိမ်ကို ဖြတ်ထားရတဲ့လူတွေ၊ အတက်ကျဆေး သောက်နေရတဲ့လူတွေ၊ ကင်ဆာဆေး သောက်နေရတဲ့ လူတွေမှာ ကယ်စီယမ်ဓာတ် ချို့တဲ့နိုင်ပါတယ်။

>>  ကယ်စီယမ်ချို့တဲ့ရင် ဘယ်လိုကုသရမလဲ?
●  ကယ်စီယမ်ဓာတ် ကြွယ်ဝတဲ့အစားအစာတွေ စားပေးပါ။
●  ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးသောက်သုံးပါ။

>>  ကယ်စီယမ် မချို့တဲ့‌ေအောင် ဘယ်လိုကာကွယ်ရမလဲ?
၁။  ကယ်စီယမ်ဓာတ် များများပါတဲ့အစားအစာတွေ စားပါ။
●  နို့
●  ချိစ့်
●  ဒိန်ချဉ်
●  ပဲ
●  ပန်းဂေါ်ဖီစိမ်း
●  ဟင်းနုနွယ်
●  တို့ဖူး
●  ပဲနို့
●  အစေ့အဆံတွေ

၂။  လေ့ကျင့်ခန်းလုပ်ပေးပါ။

၃။  ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပါ။

၄။  အရက်၊ ဆေးလိပ် ရှောင်ပါ။

Dr. Htar (www.drmyanmar.com)