/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကယ်လိုရီ-100-ခန့်-လောင်ကျွမ်းစေနိုင်တဲ့နည်းလမ်းများ

ကယ်လိုရီ 100 ခန့် လောင်ကျွမ်းစေနိုင်တဲ့နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကယ်လိုရီတွေကိုလောင်ကျွမ်းစေခြင်းဖြင့် ကိုယ်အလေးချိန်ကိုလျှော့ချတယ်ဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့မှာအမှန်တကယ်ကို ခက်ခဲလှပါတယ်။

          သတင်းကောင်းတစ်ခုကတော့ အချို့အရာတွေဟာ ထင်ထားတာထက်ပိုမိုလွယ်ကူနေတာပါပဲ။ နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ခြင်းဟာ ကယ်လိုရီကိုလောင်ကျွမ်းစေနိုင်ပေမယ့်လည်း ခတ်တာက ကိုယ်တိုင်မလုပ်ဘဲ အခြားသူတွေကိုလုပ်ခိုင်းနေမိတာပဲဖြစ်ပါတယ်။

          ဒါကြောင့် ကယ်လိုရီ 100 ကိုလျှင်မြန်စွာလောင်ကျွမ်းစေနိုင်ဖို့ အောက်ပါနည်းလမ်း 20 ကို လိုက်နာကျင့်သုံးကြည့်ပါ။

1. လမ်းများများလျှောက်ပေးပါ

        ကိုယ်ပိုင်ကားရှိခြင်းဟာ ဘယ်ကိုပဲသွားသွား ကားနဲ့သွားဖြစ်နေစေပါတယ်။ အိမ်နားကဆိုင်မှာ ပေါင်မုန့်သွားဝယ်မယ်ဆိုရင်တောင် ပိုမြန်တယ်ဆိုပြီးကားနဲ့ပဲသွားနေကြတာကြောင့် ကိုယ်အလေးချိန်ကျစေနိုင်ဖို့ တော်တော်ကြိုးစားနေရတာဖြစ်ပါတယ်။

          လမ်းလျှောက်ခြင်းဟာ ကယ်လိုရီတွေလောင်ကျွမ်းစေနိုင်ဖို့ ကောင်းစွာအကူအညီပေးနိုင်ပါတယ်။ ဓာတ်လှေကားအသုံးပြုမယ့်အစား လှေကားဖြင့်လမ်းလျှောက်တက်ပါ။ လမ်းလျှောက်တာမြန်လေ ကယ်လိုရီ 100 ကျဖို့ဟာလည်း ပိုမြန်လေဆိုတာမမေ့သင့်ပါဘူး။

2. အိမ်အလုပ်များကို မိမိဘာသာလုပ်ဆောင်ပါ

        အိမ်အလုပ်မလုပ်တာကြာပြီဆိုလျှင် လုပ်ရမှာပျင်းနေတတ်ပြီး နေ့ရွှေ့ညရွှေ့လုပ်နေတတ်ပါတယ်။ ဒါပေမယ့်လည်း ကယ်လိုရီ 100 လောင်ကျွမ်းလိုတယ်ဆိုပါက အိမ်အလုပ်များကိုပြုလုပ်ခြငး်ဟာ အကောင်းဆုံးနည်းလမ်းပါပဲ။

          အလုပ်လုပ်စဉ်အပျင်းပြေစေရန် မိမိနှစ်သက်ရာသီးချင်းများကိုဖွင့်ထားပါ။ မီးပူတိုက်ခြင်း၊ အိမ်ခန်းသန့်ရှင်းရေးပြုလုပ်ခြင်းနဲ့ ကြမ်းတိုက်ခြင်းတွေဟာ မလိုအပ်တဲ့ ကယ်လိုရီတွေကိုလောင်ကျွမ််းစေပြီး ခန္ဓာကိုယ်အချိုးအစားလည်းလှပစေနိုင်ပါတယ်။

3. သစ်ပင်ပန်းပင်များကို စိုက်ပျိုးပါ

        မအားလပ်သူတွေအတွက် ဥယျာဉ်မှူးငှားခြင်းဟာ အချိန်ကုန်သက်သာစေနိုင်တယ်ဆိုပေမယ့်လည်း သစ်ပင်ပန်းမန်းများကို ပြုစုခြင်းဟာ ကယ်လိုရီ 100 လောင်ကျွမ်းစေနိုင်ဖို့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

          မြေတူးဆွခြင်း၊ မြက်ရိတ်ခြင်း၊ ချုံရှင်းခြင်း စတာတွေကိုဆယ်ငါးမိနစ်စီခန့်အချိန်ပေး၍ နောက်ဆုံးတွင်ဥယျာဉ်ထဲရှိ အမှိုက်သရိုက်များကိုရှင်းလင်းဖယ်ရှားခြင်း စတာတွေကိုပြုလုပ်နိုင်ပြီး စုစုပေါင်းအချိန်တစ်နာရီနီးပါးခန့်ကို ဥယျာဉ်ထဲတွင် ကုန်ဆုံးသင့်ပါတယ်။

4. ကားရေဆေးခြင်း

        2015 ခုနှစ်လောက်ကစပြီး လူတွေဟာယခင်ကထက်ပိုပြီး အလုပ်များလာကြပါတယ်။ ဒါကြောင့် ကိုယ်တိုင်စီးနေတဲ့ ကားကိုတောင်အချိန်ပေးပြီး မဆေးနိုင်ကြတော့ပါဘူး။ နေသာတဲ့နေ့တစ်နေ့မှာ သီးချင်းကောင်းကောင်းလေးတွေဖွင့်ပြီး မိနစ် 30 လောက်အချိန်ပေး၍ ကိုယ်တိုင်ကားဆေးတာကိုပြုလုပ်ကြည့်ပါ။ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ဆိုတာ အိပ်မက်တစ်ခုမဟုတ်ပါဘူး။

5. ရယ်မောပါ

        ရယ်မောခြင်းဖြင့် ကယ်လိုရီ 100 ခန့်လောင်ကျွမ်းစေနိုင်တယ်ဆိုတာ အမှန်ပါပဲ။ ဒါကြောင့် အခုပဲရယ်မောလိုက်ကြရအောင်။

 

Dr. Thinzar Wynn (www.drmyanmar.com)