/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကယ်လ်စီယမ်ဓာတ်နည်းစေတဲ့-ပါရာသိုင်းရွိုက်ဟော်မုန်းအားနည်းသောရောဂါ

ကယ်လ်စီယမ်ဓာတ်နည်းစေတဲ့ ပါရာသိုင်းရွိုက်ဟော်မုန်းအားနည်းသောရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သိုင်းရွိုက်ဂလင်းရဲ့ အရှေ့ဘက်တွင် တည်ရှိသော သေးငယ်တဲ့ဟော်မုန်းဂလင်းကို ပါရာသိုင်းရွိုက်ဂလင်းဟု ခေါ်ဆိုပါတယ်။
ပါရာသိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်တဲ့အခါ လုံလောက်သော ပါရာသိုင်းရွိုက်ဟော်မုန်းများကို ထုတ်ပေးနိုင်ခြင်း မရှိပါဘူး။ အကျိုးဆက်အနေနှင့် သွေးတွင်းကယ်လ်စီယမ်ဓာတ်နည်းပါးခြင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ထိုအခါ ကြွက်တက်ခြင်းနှင့် အာရုံကြောများ လှုပ်ရှားခြင်းတို့ ဖြစ်ပေါ်စေပါလိမ့်မယ်။
ပါရာသိုင်းရွိုက်ဟော်မုန်းအားနည်းသောရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းကတော့ သိုင်းရွိုက်ဟော်မုန်း ဖယ်ထုတ်သော ခွဲစိတ်မှုများတွင် ပါရာသိုင်းရွိုက်ဂလင်းကို မတော်တဆ ဖယ်ထုတ်မိခြင်း သို့မဟုတ် ပါရာသိုင်းရွိုက်တစ်သျှူးအပိုင်းအစကို လှီးထုတ်မိခြင်းတို့ကြောင့် ဖြစ်နိုင်သလို မွေးရာပါ ပါရာသိုင်းရွိုက်ဟော်မုန်းမပါခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

>>  ရောဂါလက္ခဏာများအနေနှင့်
(၁)  ခြေထောက်၊ လက်ထောက်နှင့် နှုတ်ခမ်းတစ်ဝိုက် ထုံကျဉ်ခြင်း
(၂)  မျက်နှာ၊ လက်မောင်း၊ ခြေနှင့် လက်ရှိကြွက်သားများ ကြွက်တက်ခြင်း
(၃)  တက်ခြင်း
(၄)  သွေးပေါင်ကျခြင်း
(၅)  စိတ်မတည်ငြိမ်ခြင်း၊ စိုးရိမ်သောကများခြင်း၊ စိတ်ဓာတ်ကျခြင်း
(၆)  သွားပိုးပေါက်များဖြစ်ခြင်း
(၇)  ဆံပင်များကျွတ်ဆတ်ခြင်းတို့ ဖြစ်ပါတယ်။

>> ကုသနည်းများအနေနှင့်
ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်ပြီးနောက် ရောဂါလက္ခဏာများ သက်သာစေဖို့ ကယ်လ်စီယမ်ထိုးခြင်း၊ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီသောက်ဆေးများပေးခြင်းတို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)