/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကလေးရဖို့-ဘယ်အချိန်မှာ-အတူနေသင့်သလဲ

ကလေးရဖို့ ဘယ်အချိန်မှာ အတူနေသင့်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သုတ်ကောင်ဟာ ၃ ရက်ကနေရက်အထိ အသက်ရှင်နိုင်တဲ့အတွက် သားဥမကြွေမီ ရက်အနည်းငယ်လောက်မှာ အတူနေပေးသင့်ပါတယ်။ အမျိုးသမီးအများစုဟာ ရာသီစက်ဝန်းရဲ့ အလယ်လောက်မှာ သားဥကြွေလေ့ရှိတာကြောင့် ၂၈ ရက်စက်ဝန်းရှိသူတွေမှာ ရာသီလာပြီး ၁၄ ရက်မြောက်နေ့မှာ သားဥကြွေနိုင်ပြီး ၃၄ ရက်စက်ဝန်းရှိသူတွေမှာ ရက် ၂၀ မြောက်မှာ သားဥကြွေပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တဲ့အတွက် ကိုယ့်ရဲ့ရာသီစက်ဝန်းကို သေချာမှတ်သားထားဖို့ အရေးကြီးပါတယ်။ မှတ်သားဖို့ မလွယ်ကူသူတွေမှာတော့ ရက်ခြား အတူနေပေးနိုင်သလို သားဥကြွေ ခန့်မှန်းကိရိယာလေး ဝယ်ထားပြီး သားဥကြွေကြောင်းပြတဲ့နေ့မှာ အတူနေပေးနိုင်ပါတယ်။

Dr. Emerald (www.drmyanmar.com)