/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကာတွန်းကားကနေပြီး-လေ့လာထားတဲ့-ရှေးဦးသူနာပြုစုနည်းကို-သုံးပြီး

ကာတွန်းကားကနေပြီး လေ့လာထားတဲ့ ရှေးဦးသူနာပြုစုနည်းကို သုံးပြီး သူ့ရဲ့အတန်းဖော်ကို ကယ်တင်ခဲ့တဲ့ အော်တစ်စင် ကလေးငယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နယူးယောက်မှာနေတဲ့ ၁၃ နှစ်သား အော်တစ်စင်ကလေးငယ်လေး Brandon Williams ဟာ Spongebob Squarepants လို့ခေါ်တဲ့ ကာတွန်းကားကို အရမ်းကိုနှစ်သက်တဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။

          ဒီကလေးက နေ့လယ်စာစားချိန်မှာ ပန်းသီးနင်နေတဲ့ အတန်းဖော်ကို အသက်ကယ်နိုင်ခဲ့ပါတယ်။ သူက Heimlich maneuver လို့ခေါ်တဲ့ အစာနင်ရင် ပြုလုပ်ရတဲ့ ရှေးဦးသူနာပြုစုနည်းကို သုံးခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းကို နောက်ကနေပြီး လက်နှစ်ဖက်နဲ့ ပွေ့ဖက်လိုက်ကာ ရင်ဝမ်းခြား ကန့်လန့်ကာ ကြွက်သားနေရာ (ရင်ညွန့်နား) ကနေပြီးတော့ အပေါ်ကို တွန်းတင်လိုက်တာနဲ့ လည်ပင်းမှာ နင်နေတဲ့ ပန်းသီးအပိုင်း ထွက်ကျလာပါတယ်။

          ကလေးက သူ့ရဲ့အဖေကို ဖြစ်စဉ်အကြောင်း ရှင်းပြခဲ့သလို သူ့သူငယ်ချင်းရဲ့ အသက်ကို ကယ်ဆယ်ခဲ့တဲ့နည်းလမ်းကို Spongebob Squarepants လို့ခေါ်တဲ့ ကာတွန်းကားထဲက သင်ယူခဲ့တယ်လို့ ဆိုပါတယ်။

          အင်တာဗျူးမှာ သူ့ရဲ့အဖေက ကျွန်ုပ်တို့အများစု သတိမထားမိဘဲ ကျော်သွားတဲ့အရာတွေကို သူက သေချာမှတ်ထားလေ့ရှိပြီးတော့ သူ့ရဲ့ဦးနှောက်ထဲမှာ သေချာသိမ်းဆည်းထားကာ လိုရင် ပြန်ထုတ်သုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကလေးက ဒီလိုလုပ်ရပ်မျိုးကို စွမ်းဆောင်နိုင်တာပါ။ ကလေးရဲ့လုပ်ရပ်အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်လို့ ဆိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)