ကာဗိိုဟိုက်ဒရိတ်ဓါတ်ကြွယ်၀တဲ့ အစားအစာတွေကဘာကြောင့်၀စေတာလဲ
အခုတစ်ခါမှာတော့ ကာဗိုဟိုက်ဒရိတ်ဓါတ်ကြွယ်၀တဲ့အစားအစာတွေက ဘာကြောင့်ကိုယ်အလေးချိန်တိုးစေတယ်ဆိုတာကို လေ့လာကြည့်ရအောင် -
1. ရေစုပုံလာခြင်း
သုံးဆောင်လိုက်တဲ့ ကာဗိုဟိုက်ဒရိတ်ကို ခန္ဓာကိုယ်ကဂလိုက်ကိုဂျင် (glycogen) အဖြစ် အသည်းနဲ့ ကြွက်သားမှာသိုလှောင်ထားပါတယ်။ ဂလိုက်ကိုဂျင်ရဲ့ သဘာ၀ကခန္ဓာကိုယ်မှာအရည်တွေကိုစုပုံစေပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်ပါ၀င်တဲ့ အစားအစာတွေကိုစားသုံးပါက အလေးချိန်တိုးလာတာဖြစ်ပါတယ်။
2. အင်ဆူလင် ဟော်မုန်းရဲ့တုန့်ပြန်မှု
ကာဗိုဟိုက်ဒရိတ်ဓါတ်ကို ခန္ဓာကိုယ်မှ ဂလူးကို့စ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဂလူးကို့စ်ဓါတ်တွေ သွေးထဲမှာပျံ့နှံ့သွားချိန်တွင် အင်ဆူလင်းဟော်မုန်းထွက်လာပြီး ဂလူးကို့စ်ကို ဂလိုက်ကိုဂျင် (glycogen) အဖြစ် အသဲနှင့်ကြွက်သားတွေမှာသိုလှောင်ပါတယ်။ ဒါပေမယ့် သိုလှောင်စရာနေရာမရှိတော့တဲ့အခါမျိုးမှာ ပိုလျှံနေတဲ့ကာဗိုဟိုက်ဒရိတ်တွေကို ခန္ဓာကိုယ်ကအဆီအဖြစ် သိုလှောင်လိုက်ပါတယ်။
ကာဗိုဟိုက်ဒရိတ်ဓာတ်ကြွယ်၀တဲ့ ထိပ်တန်းအစားအစာ (10)မျိုး -
- သကြား၊ အချိုမုန့်များ
- သကြားလုံး
- သစ်သီးခြောက်
- ကောက်နှံများ
- အဆီထုတ်ထားတဲ့ အားလူးကြော်များ
- အဆီပါ၀င်မှုနည်းပါးတဲ့ ကိတ်မုန့်နဲ့ ကွတ်ကီး
- ဂျုံ
- သစ်သီးယိုများ
- ပေါင်မုန့်၊ ဗီဇာ
- ထမင်း
3. ကိတ်မုန့်၊ ဘီစကွတ်များစားလွန်းခြင်း
ကာဗိုဟိုက်ဒရိတ်ဓာတ်ပါ၀င်သော အစားအစာများသည် ချိုသောကစီဓါတ်များသောအစားအစာများဖြစ်ပါတယ်။ ကစီဓါတ်များကို ခန္ဓာကိုယ်ကစုပ်ယူခြင်းမပြုမီ သကြားဓာတ်အဖြစ် ချေဖျက်ပါတယ်။ အစေ့အဆံတွေနှင့် သစ်သီး၀လံများမှာပါ၀င်တဲ့ ကစီဓာတ်ကို သကြားဓာတ်အဖြစ်ပြောင်းလဲရာမှာ အချိန်ကြာတာကြောင့် သွေးတွင်းရှိသကြားဓာတ်ကို တည်ငြိမ်အောင်ထိန်းထားနိုင်ပါတယ်။ ဒါပေမယ့် ကွတ်ကီး၊ ကိတ်မုန့်၊ ဘီစကစ် စတာတွေမှာ ပါ၀င်တဲ့ သကြားဓာတ်ကချေဖျက်ရန်လွယ်ကူတာကြောင့် သွေးတွင်းရှိအချိုဓာတ်ကို တည်ငြိမ်အောင် မထိန်းထားနိုင်တော့ပါဘူး။ အချိုဓာတ်ကျတာနှင့်အမျှ လူခန္ဓာကိုယ်ကလည်း ဆာလောင်မှုကို ခံစားလာရပါတယ်။
Dr. Htet Htet Aung






























