ကားလမ်းမအနီးတွင်နေထိုင်သော အမျိုးသမီးများသွေးဖိအားမြင့်တက်နိုင်
ကားအသွားအလာများသော လမ်းမကြီးများအနီးအနားတွင်နေထိုင်သူ အမျိုးသမီးများအနေနဲ့ သွေးဖိအားမြင့်တက်နိုင်ချေ အများဆုံးဖြစ်ကြောင်းလေ့လာမှုများအရသိရှိရပါတယ်။ မီးယပ်သွေးဆုံးပြီးအမျိုးသမီး 5000 ကျော်ကိုလေ့လာခဲ့ရာ ယာဉ်သွားယာဉ်လာများတဲ့ လမ်းမကြီးဘေး 109 ကိုက်အကွာအေ၀းမှာ နေထိုင်သူအမျိုးသမီးများဟာ မိုင်၀က်ခန့်အကွာအေ၀းတွင်နေထိုင်သူ အမျိုးသမီးများထက် သွေးဖိအားမြင့်တက်မှုအခြေအနေ 22 ရာခိုင်နှုန်း ပိုမြင့်မားကြောင်း လေ့လာသူများကဖော်ပြထားပါတယ်။
သွေးဖိအားမြင့်တက်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများအနေနဲ့ လေဖြတ်ခြင်း၊ နှလုံးနှင့်ကျောက်ကပ် စွမ်းဆောင်ရည်ကျဆင်းခြင်း၊ နှလုံးရောဂါကြောင့် အရွယ်မတိုင်ခင်သေဆုံးခြင်းနှင့် နှလုံးရုတ်တရက်တိုက်ခိုက်ခံရခြင်း (Heart attack) တို့ ဖြစ်နိုင်ပါတယ်။ သွေးဖိအားမြင့်တက်ခြင်းဟာ လေထုညစ်ညမ်းမှုနှင့် ဆူညံမှုများအစရှိသည့် အကြောင်းရင်းနှစ်ရပ်နှင့်ဆက်စပ်မှုရှိနေပြီး ထိုရောဂါကိုကာကွယ်နိုင်သည့် အကောင်းဆုံးနည်းလမ်းများမှာ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများရွေးချယ်စားသုံးခြင်း၊ အချိုဓာတ်၊ အငန်ဓာတ်နှင့် အဆီဓာတ်များတတ်နိုင်သမျှ လျှော့စားခြင်း၊ ခန္ဓာကိုယ်အလေးချိန်ထိန်းခြင်း၊ ဆေးလိပ်ရှောင်ခြင်းတို့ဖြစ်ပါတယ်။
CMS






























