/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုဗစ်ကာကွယ်ဆေးနှင့်-ပတ်သက်ပြီး-နိုင်ငံတကာမှ-နောက်ဆုံးသတင်းများ

ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ နောက်ဆုံးသတင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

(၁)  ကနေဒါနိုင်ငံ ဝန်ကြီးချုပ်ဖြစ်တဲ့ Justin Trudeauက ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ဟာ နိုင်ငံသို့ရောက်ရှိပြီဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ သို့သော် ကနေဒါနိုင်ငံသားများအနေနှင့် mask တပ်ခြင်း၊ လူစုလူဝေးရှောင်ခြင်းနှင့် အစိုးရကထုတ်ထားတဲ့ ကိုဗစ်နှင့်သက်ဆိုင်တဲ့ application ကို ဖုန်းထဲမှာ ထည့်ထားခြင်းတို့ကို ဆက်လက်လုပ်ဆောင်ဖို့ ပြောကြားပါတယ်။ ကနေဒါနိုင်ငံဟာ ဒီဇင်ဘာလအတွက် ကာကွယ်ဆေး ၂၄၉,၀၀၀ ရရှိဖို့  Pfizer ကာကွယ်ဆေးနှင့် စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

(၂)  အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးအနေနှင့် ကိုဗစ်ကာကွယ်ဆေးရရှိတဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းများ၊ ရှေ့တန်းမှ ကာကွယ်နေသောသူရဲကောင်းများနှင့် အသက် ၅၀ အထက်တွေကို ဦးစားပေးထိုးပေးဖို့ ညွှန်ကြားချက်များ ထုတ်ထားပါတယ်။

(၃)  ပါကစ္စတန်နိုင်ငံအစိုးရကတော့ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေးအတွက် ဒေါ်လာ ၁၅၀ မှ ၂၅၀ မီလီယံ အသုံးပြုမှာဖြစ်ပြီး ၂၀၂၁ ရဲ့ ပထမဆုံး သုံးလအတွင်းမှာ ရှေ့တန်းက ကာကွယ်နေတဲ့ ကျန်းမာရေးဝန်ထမ်းများနှင့် အသက် ၆၅ နှစ်အထက် လူကြီးများကို ဦးစားပေးထိုးသွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

(၄)  Bahrain နိုင်ငံကတော့ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို ပြီးခဲ့တဲ့ တနင်္ဂနွေက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ထိုကာကွယ်ဆေးကို ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးခဲ့တာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)