ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရာမှာ နိုင်ငံတကာက ဝင်ရောက်ကြိုးပမ်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တိုက်တွန်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းခေါင်းဆောင်က ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရာမှာ ပါဝင်ခြင်းမရှိသေးတဲ့ နိုင်ငံတွေကို ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ အကြီးအကဲဖြစ်သူ Tedros Adhanom Ghebreyesus က အခုချိန်မှာ နိုင်ငံပေါင်း ၁၇၀ က ကာကွယ်ဆေးထုတ်လုပ်ရေး COVAX global vaccine facility မှာ ပါဝင်ဖို့ စိတ်ဝင်စားကြောင်း ပြောပါတယ်။
ဒီကာကွယ်ဆေးထုတ်လုပ်ရေးကို အဓိကဦးဆောင်တာကတော့ Gavi, the vaccine alliance လို့ခေါ်တဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့ကြီးနဲ့ WHO တို့ပါပဲ။
Tedros က ကြာသပတေးနေ့မှာ COVAX မှာ မပါဝင်ရသေးတဲ့နိုင်ငံတွေကို သောကြာနေ့ နောက်ဆုံးဖောင်တင်ပါဝင်ဖို့ ဆော်ဩလိုက်ပါတယ်။
COVAX facility ဟာ နောက်နှစ်ကုန်လောက်မှာ ကာကွယ်ဆေး သန်း ၂၀ ထုတ်လုပ်ဖို့ မျှော်မှန်းထားပါတယ်။ အရင်လကုန်ထိကို စမ်းသပ်နေဆဲကာကွယ်ဆေး ၉ မျိုးရှိပြီး စောင့်ကြည့်ဆဲကာကွယ်ဆေး နောက်ထပ် ၉ မျိုး ရှိနေပါပြီ။
>> ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သန်း ၃၀ နီးပါးရှိ
ကြာသပတေးနေ့အထိကို တစ်ကမ္ဘာလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉.၇ မီလီယံရှိနေပြီး သေနှုန်း ၉၃၇,၀၀၀ ယောက် ရှိနေပါတယ်။
ဒီဗိုင်းရပ်စ်ကပ်ရောဂါကို ထိန်းသိမ်းဖို့အတွက် ကာကွယ်ဆေးက အရေးပါတာပေါ့။ ဒါပေမဲ့ ခုစမ်းသပ်ဆဲ ကာကွယ်ဆေးတွေဟာ တကယ်ကာကွယ်နိုင်မလား ဆိုတာကတော့ မသိသေးပါဘူး။
စမ်းသပ်နေတဲ့ ကာကွယ်ဆေး အမျိုးအစားများလေလေ တကယ်အကျိုးရှိတဲ့ ကာကွယ်ဆေးပေါ်လာဖို့ အခွင့်အလမ်း များလေလေပါပဲ။ ဒါကြောင့်လည်း နိုင်ငံတွေ များများပါဝင်လာဖို့ ဆော်ဩရတာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























