ကိုဗစ်ကို အိမ်ထဲထိ မရောက်အောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကြမယ်
(၁) အိမ်တွင်းသန့်ရှင်းရေးကို အကြိမ်များစွာ ပြုလုပ်ပါ။
အထူးသဖြင့် ဧည့်ခန်း၊ ထမင်းစားခန်း စတဲ့ လူအသုံးများတဲ့နေရာတွေကိုပေါ့။
အပြင်ကနေ ပြန်လာတဲ့သူတွေနဲ့အတူ ပိုးတွေကပ်ပါမှာ အသေအချာပါပဲ။ ဒါကြောင့်မို့ အိမ်တွင်းအိမ်ပြင်ကို သေချာဖုန်သုတ် သန့်စင်ပေးရုံသာမက ကြမ်းတိုက်ခြင်း၊ ပိုးသတ်သန့်စင်ခြင်းတို့ကိုပါ ပြုလုပ်ပေးရပါမယ်။ တံခါးလက်ကိုင်ဖုတွေကိုလည်း သန့်စင်ပေးဖို့ မမေ့ကြနဲ့နော်။ သန့်စင်တဲ့နေရာမှာ ရေနွေးနဲ့ဗီနီဂါ (ရေ ၂-၄ လီတာမှာ ဗီနီဂါခွက်တစ်ဝက်ခန့်) ကို ရောစပ်ပြီး အသုံးပြုပါ။
(၂) ချည်ထည်တွေကို ပြုတ်ပြီး ပိုးသတ်ပါ။
ချည်ထည်အသုံးအဆောင်တွေဖြစ်တဲ့ ဆိုဖာစွပ်များ၊ ကောဇောများ၊ လက်သုတ်ဝတ်များ စတာတွေကို အပူချိန် ၆၀ ဒီဂရီနဲ့ ပြုတ်ပေးခြင်းဖြင့် ပိုးသတ်နိုင်ပါတယ်။
(၃) လွယ်အိတ်များ၊ ဖိနပ်နဲ့ အဝတ်အထည်များကို သီးသန့်ထားပါ။
သင် အပြင်သွားရင် သယ်ဆောင်သွားရတဲ့ အသုံးအဆောင်တွေမှာ မမြင်နိုင်တဲ့ပိုးမွှားတွေ ကပ်ပါလာမယ်ဆိုတာ သိကြပြီးသားဖြစ်ပါမယ်။ ဒါကြောင့် ဖိနပ်၊ အိတ်တွေနဲ့ အသုံးအဆောင်တွေကိုလည်း ပုံမှန်လျှော်ဖွပ်ပေးသင့်ပါတယ်။ နောက်ပြီး သီးသန့်ဗီရိုနဲ့ ထည့်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
Enervon-C Adult 1

(၄) ပိုးသတ်အာနိသင်ပါတဲ့ anti-bacterial wipe တွေကို သုံးပါ။
လက်ကို ရေနဲ့ဆပ်ပြာ အသုံးပြုပြီး ဆေးကြောတာက အကောင်းဆုံး ဖြစ်တယ်ဆိုပေမယ့်လည်း တစ်ခါတလေမှာ လက်ဆေးဖို့ အခြေအနေမပေးပါက anti-bacterial wipe များကို အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း လက်သန့်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။
(၅) လေသန့်စင်စက်ကို အသုံးပြုပါ။
လေသန့်စင်စက်တွေဟာ အသက်ရှူလမ်းကြောင်းကို ယားယံစေတဲ့ ဖုန်နဲ့ အခြားအရာတွေကို စစ်ထုတ်ပေးပြီး ချောင်းဆိုးခြင်းနဲ့ အခြားအသက်ရှူလမ်းကြောင်းပြဿနာတွေကို ကာကွယ်ပေးပါတယ်။
(၆) ဖုန်းတွေကို သန့်စင်ပေးဖို့ မမေ့ပါနဲ့။
သင့်ဖုန်းပေါ်မှာရှိတဲ့ ပိုးမွှားတွေဟာ အိမ်သာထိုင်ခုံပေါ်မှာရှိတဲ့ ပိုးမွှားတွေထက်တောင် များနေနိုင်ပါသေးတယ်။ ဒါဟာ ဘာလို့လဲဆိုရင်တော့ ကျွန်မတို့တွေဟာ နေ့စဉ် အစာစားပြီးတိုင်းဖြစ်စေ၊ ဘတ်စ်ကားပေါ်က ဆင်းပြီးတိုင်းဖြစ်စေ၊ တံခါးဖွင့်ပြီးတိုင်းဖြစ်စေ အထိတွေ့အများဆုံးအရာဟာ ကျွန်မတို့ရဲ့ဖုန်းတွေပါပဲ။ ဒါကြောင့် ဖုန်းတွေနဲ့ ကွန်ပျူတာကီးဘုတ်တွေကို အရက်ပြန်ဂွမ်း (alcohol swab) လေးတွေနဲ့ သန့်စင်ပေးဖို့ လိုပါတယ်။
Enervon-C Adult 2

(၇) လက်ကို နည်းမှန်လမ်းမှန်နဲ့ မကြာခဏ ဆေးကြောပါ။
ပြောနေစရာ မလိုအောင်ကိုပဲ လက်ဆေးခြင်းက ရောဂါကာကွယ်ခြင်းရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍဆိုတာ သိကြမှာပါ။ လက်ဆေးတယ်ဆိုရာမှာလည်း ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွန်ထားတဲ့ မှန်ကန်တဲ့နည်းလမ်းကို အသုံးပြုပါ။ အညစ်အကြေးများ ကိုင်ပြီးတိုင်း၊ အပြင်က ပြန်လာတိုင်း လက်ကို မဖြစ်မနေ ဆေးကြောပါ။
(၈) အာဟာရပြည့်ဝအောင် စားသောက်ပါ။
အာဟာရပြည့်ဝအောင် စားသောက်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြီး ကျန်းမာနေစေမှာ ဖြစ်ပါတယ်။ နေ့စဉ် အစားအသောက်တွေထဲမှာ Vitamin C ကြွယ်ဝတဲ့ အစားအသောက်တွေကို ဂရုစိုက်ပြီး ထည့်သွင်းစားသောက်သင့်ပါတယ်။ ဗီတာမင် C ဟာ ကိုယ်ခံစွမ်းအားစနစ်ကို များစွာအထောက်အကူပြုနိုင်ပါတယ်။ တကယ်လို့ ပုံမှန်ထည့်သွင်းမစားဖြစ်ဘူးဆိုရင်လည်း ဗီတာမင် C ပါဝင်တဲ့ အားဆေး (ဥပမာ - Enervon-C) လို ဆေးမျိုးတွေကို သောက်သုံးပေးသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























