/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုဗစ်ကူးစက်ခံရပေမယ့်-လက္ခဏာမပြသောအခါ

ကိုဗစ်ကူးစက်ခံရပေမယ့် လက္ခဏာမပြသောအခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ကူးစက်ခံရရတဲ့အခါ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အနံ့အရသာပျောက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ နုံးခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အဆိုအရတော့ လူတစ်ယောက်ဟာ ကိုဗစ်ကူးစက်ခံရပြီး (၅) ရက်ကနေ (၆) ရက်လောက်ဆို ရောဂါလက္ခဏာတွေ စပြလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ လက္ခဏာပြဖို့ဆိုတာ (၁၄) ရက်လောက်အထိ ကြာတတ်ပါတယ်။ (၁၄) ရက်ကြာတာတောင် ဘာရောဂါလက္ခဏာမှ မရှိဘူးဆိုရင်တော့ လက္ခဏာမပြတဲ့ ကိုဗစ်ရောဂါအမျိုးအစား ဖြစ်နေတာ ကျိန်းသေသွားပါပြီ။

Decolgen IA 1

>>  ကိုဗစ်ပိုးရှိရဲ့သားနဲ့ လက္ခဏာမပြတာ ဘာကြောင့်လဲ?
ကိုဗစ်ရောဂါ ရှိ၊ မရှိ ဆေးစစ်ကြည့်လိုက်လို့ ရှိတယ်ဆိုတဲ့အဖြေ ထွက်လာပေမယ့် လက္ခဏာမပြတာဟာ အကြောင်းနှစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တစ်မျိုးက လက္ခဏာလုံးဝမပြတာ (asymptomatic) ဖြစ်ပြီး နောက်တစ်မျိုးကတော့ လက္ခဏာမပြခင်အဆင့် (presymptomatic) ဖြစ်ပါတယ်။ Presymptomatic ဆိုရင်တော့ ရက်အနည်းငယ်ကြာပြီးရင် လက္ခဏာပြလာပါလိမ့်မယ်။

>>  လက္ခဏာမပြပေမယ့် တခြားသူတွေကို ကူးစက်နိုင်သလား?
လက္ခဏာလုံးဝမပြတာပဲဖြစ်ဖြစ်၊ လက္ခဏာမပြခင်အဆင့်မှာ ရှိနေတာပဲဖြစ်ဖြစ် နှစ်မျိုးလုံးကတော့ မိမိတို့ဆီကနေ သူများကို ရောဂါကူးစက်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ကိုဗစ်ကူးစက်မှုတွေရဲ့ ၅၉% ဟာ ရောဂါလက္ခဏာမရှိသူတွေဆီကနေ ကူးစက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

Decolgen IA 2

>>  ကိုဗစ်ရောဂါရှိတယ်လို့ အဖြေထွက်တဲ့အခါ ဘယ်လိုသီးသန့်ခွဲနေရမလဲ?
ကိုဗစ်ရောဂါ ရှိ၊ မရှိ ဆေးစစ်ကြည့်လိုက်လို့ ရှိပြီဆိုတာနဲ့တစ်ပြိုင်နက် လက္ခဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိသားစုဝင်တွေနဲ့ သီးသန့်ခွဲနေပေးတာက အကောင်းဆုံးပါ။ သီးသန့်ခွဲနေတဲ့အခါ လေဝင်လေထွက်ကောင်းတဲ့အခန်းမှာ နေပါ။ ဖြစ်နိုင်ရင် ရေချိုးခန်း၊ အိမ်သာကိုပါ သီးသန့်သုံးပါ။ အိမ်မှာနေတယ်ဆိုပေမယ့် နှာခေါင်းစည်းတပ်ထားပါ။ အနီးကပ်ပြုစုပေးမယ့်သူကို တစ်ယောက်ပဲ ပုံသေထားပါ။ မိသားစုဝင်တွေနဲ့ အနည်းဆုံး ခြောက်ပေအကွာမှာ နေပါ။ အသုံးအဆောင်ပစ္စည်းတွေကိုလည်း သီးသန့်ထားပါ။ ကိုင်တွယ်ထိတွေ့မှုများတဲ့ မျက်နှာပြင်တွေကို နေ့စဉ်ပုံမှန် သန့်ရှင်းရေးလုပ်ပါ၊ ပိုးသတ်ပါ။

>>  ဘယ်အချိန်မှာ မိသားစုဝင်တွေနဲ့ အတူပြန်နေလို့ရသလဲ?
ရောဂါပိုးရှိတယ်ဆိုတဲ့ အဖြေထွက်ပြီးနောက် ဆယ်ရက်အကြာမှာ မိသားစုဝင်တွေနဲ့အတူ ပြန်နေလို့ရပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)