ကိုဗစ်ကူးစက်ခံရပြီးနောက် ရက်ရှည်ချောင်းဆိုးခြင်း ခံစားနေရသူများအတွက် အကြံပြုချက်များ
ကိုဗစ်ကူးစက်ခံရပြီး ပြန်လည်သက်သာသူများအနေနှင့် ရက်ရှည်ချောင်းဆိုးခြင်းကို ဆက်လက်ခံစားရတတ်ပါတယ်။ ချောင်းရက်ရှည်ဆိုးနေပါက ဘာတွေလိုက်နာဆောင်ရွက်သ့င်လဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) ချောင်းဆိုးချင်လာပြီဆိုတာနှင့် နှာခေါင်းကနေ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်ပြုလုပ်ပါ။
(၂) မှန်ကန်သောအသက်ရှူနည်းကို လေ့ကျင့်ပါ။ ဝမ်းဗိုက်ကြွက်သားကို အသုံးပြုပြီး ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ်ပြုလုပ်ပါ။
(၃) ချောင်းဆိုးချင်စိတ် ဖြစ်လာပါက ပါးစပ်ကိုပိတ်ပြီး မဆိုးမိအောင် ထိန်းကြည့်နိုင်ပါတယ်။
(၄) ပူနွေးသောအရည်များကို ပုံမှန်သောက်ပေးပါ။
(၅) ချောင်းဆိုးပျောက်ဆေးများ သောက်ခြင်း၊ ငုံဆေးပြားများ ငုံခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။
Solmux Adult IA 1 2023
>> ဘယ်အချိန်မှာ အရေးပေါ်ကုသမှုခံယူသင့်လဲ?
ဒီလိုအခြေအနေတွေမှာတော့ အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။
● သွေးအန်ခြင်း
● အစာစားလိုစိတ်မရှိခြင်း၊ ပိန်လာခြင်း
● ချောင်းဆိုးခြင်းနှင့်အတူ မောခြင်း၊ ရင်တုန်ခြင်း
● အသက်ရှူမဝခြင်း၊ အသက်ရှူစဉ် နှာခေါင်းမှဆူညံသံများ ထွက်ပေါ်ခြင်း
● ဆေးလိပ်နှင့်အရက်ကို အလွန်အကျွံသောက်သူများဖြစ်ခြင်း
Solmux Adult IA 2
>> ကိုဗစ်ဖြစ်ပြီးနောက် ချောင်းဆက်ဆိုးခြင်းရှိပါက သလိပ်ချောင်းလား၊ ချောင်းခြောက်လားဆိုတာကို ခွဲခြားကြည့်ဖို့ အရေးကြီးပါတယ်။
● လေကောင်းလေသန့်ရှူခြင်း
● အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း
● ပူနွေးသောအရည်များသောက်ခြင်း
● နွေးနွေးထွေးထွေးနေခြင်း
● ကိုယ်ခံအားကောင်းစေဖို့ အာဟာရပြည့်ဝအောင် စားသောက်ခြင်း
● အိပ်ရေး၀၀အိပ်ခြင်း
● ဆေးလိပ်၊ အရက်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းတို့ဖြင့် အဆုတ်ကျန်းမာရေးကို ကောင်းမွန်အောင် ကြိုးစားသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























