/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုဗစ်ကူးစက်ပြီးနောက်-ရသောကိုယ်ခံအားဟာ-ကာကွယ်ဆေးလောက်-စိတ်မချရ

ကိုဗစ်ကူးစက်ပြီးနောက် ရသောကိုယ်ခံအားဟာ ကာကွယ်ဆေးလောက် စိတ်မချရ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ကူးစက်ခံပြီးသောသူများအနေနှင့် ကာကွယ်ဆေး ထပ်မံထိုးဖို့ လိုအပ်လားဆိုတာ စဉ်းစားစရာအချက်ပဲ ဖြစ်ပါတယ်။
ရောဂါကူးစက်ခံရပြီးနောက် ကိုယ်ခန္ဓာက အလိုအလျောက်ထုတ်ပေးသော ကိုယ်ခံအားနှင့် ကာကွယ်ဆေးကြောင့်ရသော ကိုယ်ခံအား ဘယ်ဟာ ပိုပြီးခိုင်မာမှုရှိသလဲဆိုတဲ့ မေးခွန်းကိုတော့ ကိုဗစ်ကာကွယ်ဆေးတွေကို ကိုဗစ်ဗိုင်းရပ်စ်ကို အဓိကကာကွယ်နိုင်အောင် ထုတ်လုပ်ထားတဲ့အတွက် ပိုမိုစိတ်ချရတယ်လို့ ပညာရှင်များက ဆိုပါတယ်။
●  အလားတူပဲ အဆုတ်ရောင်နမိုးနီးယားကာကွယ်ဆေးတွေမှာဆိုလည်း သဘာဝအတိုင်းရရှိသော ကိုယ်ခံအားထက် ကာကွယ်ဆေးတွေကပေးသော ကိုယ်ခံအားက ပိုမိုအစွမ်းထက်ခဲ့တဲ့ ဥပမာတွေလည်း ရှိခဲ့ပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးဖြစ်စဉ်ဟာလည်း အဆိုပါ အဆုတ်ရောင်ကာကွယ်ဆေးနှင့် အလားတူခေါင်းစဉ်အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။
●  စမ်းသပ်ချက်တွေအရ ကာကွယ်ဆေးထိုးထားသော သူများရဲ့ သွေးထဲတွင် တွေ့ရသော ကိုယ်ခံအားတုံ့ပြန်မှုဟာ ကိုဗစ်ကူးစက်ခံရသူများထက် ပိုမိုများပြားပြီး သန်မာမှုရှိတာ တွေ့ရှိခဲ့ပါတယ်။
●  ပညာရှင်တစ်ဦးကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံပြီးနောက်ရသော ကိုယ်ခံအားဟာ ယုံကြည်စိတ်ချလို့ရတယ်လို့ ဆိုပါတယ်။ ကူးစက်ပြီးသူတွေမှာ ကိုယ်ခံအားဆဲလ်တွေ ပေါ်ထွက်လာပြီး နှစ်နှင့်ချီကြာသော ကိုယ်ခံအားကိုပေးတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ဒီကိုယ်ခံအားတုံ့ပြန်မှုမှာလည်း ကြီးမားသောကွဲလွဲချက်တွေ ရှိနေတတ်ပြီး ကိုဗစ်ကြောင့် မပြင်းထန်သောလက္ခဏာတွေ့သာ ဖြစ်ပေါ်သူတွေအနေနှင့် နောက်တစ်ကြိမ် မကူးစက်အောင် တားဆီးနိုင်စွမ်းဟာ လအနည်းငယ်တွင်းမှာ ပျက်စီးသွားတတ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးမှာဆိုလည်း ကာကွယ်ဆေးကရသော ကိုယ်ခံအားကသာ ပိုစိတ်ချရတာ ဖြစ်ပါတယ်။
●  အဝလွန်သူများ၊ ဆီးချိုရောဂါရှိသူများဟာ ကိုဗစ်ကူးစက်ပါက ဆိုးရွားသော နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။ ပျမ်းမျှအားဖြင့် ငယ်ရွယ်သူတွေမှာ ကူးစက်ခံရနှုန်း လျော့နည်းတတ်ပါတယ်။
●  ကိုယ်ခံအားဗီဇမှာ ပုံမှန်အတိုင်းမဟုတ်ဘဲ ဖြစ်ပေါ်တတ်သူတွေအနေနှင့်လည်း ကိုဗစ်ကူးစက်မှုဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။
●  လူပေါင်း ၃၀၀၀ ကျော်ကို လေ့လာခဲ့ရာမှာ ကိုဗစ်ကြောင့် ဆေးရုံတက်ရောက်ကုသနေသော အသက် ၁၈ ကနေ ၃၄ နှစ်အတွင်း လူတွေမှာ ၂၀ ရာခိုင်နှုန်းဟာ အထူးကြပ်မတ်ကုသဆောင်တွေမှာ ကုသမှုခံယူရပြီး ၃ ရာခိုင်နှုန်းကတော့ သေဆုံးသွားတာ တွေ့ရပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)