/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုဗစ်လက္ခဏာတွေ-မပြသပေမယ့်-ကိုယ်ခန္ဓာတွင်းမှာ

ကိုဗစ်လက္ခဏာတွေ မပြသပေမယ့် ကိုယ်ခန္ဓာတွင်းမှာ ကိုဗစ်ဗိုင်းရပ်စ်ရှိနေပါက သူတစ်ပါးကို ကူးစက်နိုင်တယ်နော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●  သုတေသနပညာရှင်များဟာ မကြာသေးမီက လေ့လာချက်များ ပြုလုပ်ခဲ့တဲ့အခါ ကိုဗစ်ကူးစက်ခံရသူများအနက် ၂၀ ရာနှုန်းဟာ ရောဂါလက္ခဏာများ ပြသခြင်းမရှိတာ တွေ့ခဲ့ရပါတယ်။
●  ဒီလိုရောဂါလက္ခဏာပြသခြင်း မရှိသော်လည်း ကိုဗစ်ကူးစက်ခံထားရသူ ဖြစ်တယ်ဆိုရင်တော့ မိမိကနေ သူတစ်ပါးဆီ ကူးစက်နိုင်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် မိမိအနေနှင့် နေထိုင်ကောင်းနေရင်တောင်မှ နှာခေါင်းစည်း mask တပ်ခြင်း၊ social distancing ခပ်ခွာခွာနေခြင်းနည်းလမ်းကို လိုက်နာခြင်း၊ သန့်ရှင်းရေးကို အလေးထားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
●  ကမ္ဘာ့ကူးစက်ရောဂါကုသရေးနှင့် ကာကွယ်ရေးစင်တာကြီးဖြစ်တဲ့ CDC ကတော့ ကိုဗစ်ကူးစက်ခံထားရသူနှင့် ၆ ပေအတွင်းမှာ အနည်းဆုံး ၁၅ မိနစ်ခန့် စကားပြောဆိုဆက်ဆံမှု ပြုလုပ်ခဲ့သူများအနေနှင့် ရောဂါလက္ခဏာများ မပြသသေးရင်တောင်မှ ကိုဗစ် ရှိ၊ မရှိကို စစ်ဆေးမှုခံယူသင့်တယ်လို့ ဆိုပါတယ်။
●  ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များကတော့ ရောဂါလက္ခဏာပြသခြင်း မရှိသူများအနေနှင့် ရောဂါအောင်းနေတတ်ပြီး မကြာခင်မှာ ကိုယ်တွင်းအစိတ်အပိုင်းများ ထိခိုက်ခြင်းကို တွေ့ကြုံရနိုင်တယ်လို့ ယူဆကြပါတယ်။
●  ကိုဗစ်ဗိုင်းရပ်စ်ကို စပြီးကူးစက်ခံလိုက်ရပြီဆိုတာနှင့် ဗိုင်းရပ်စ်တွေဟာ နှာခေါင်းနှင့်ပါးစပ်ကထွက်သော အရည်တွေမှာ အများဆုံး စုဝေးနေတတ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ မိမိအနေနှင့် ကူးစက်ခံရတာကိုမသိပဲ သူတစ်ပါးတွေနှင့် နီးကပ်စွာ နေမိမယ်ဆိုရင်တော့ မိမိကနေတစ်ဆင့် သူတစ်ပါးတွေကို ကူးစက်စေနိုင်ပါတယ်။ ဒီအချက်ကြောင့် ကိုဗစ်ကူးစက်ခံရသောလူနာတစ်ဦးနှင့် နီးကပ်စွာနေခဲ့သူဖြစ်နေပါက ရောဂါလက္ခဏာ မပြသသည့်တိုင်အောင် စစ်ဆေးမှုကို ခံယူသင့်ပါတယ်။
●  တတ်နိုင်သမျှ အိမ်တွင်သာနေခြင်း၊ အပြင်သွားရင် mask တပ်ခြင်း ၊ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်းတို့ကိုလည်း ပြုလုပ်ကြဖို့ အကြံပြုတင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)