ကိုဗစ် နဲ့ ဆီးချိုရောဂါသည်များ
ကိုဗစ် ကူးစက်မှုတွေ မြင့်တက်လာတာနဲအမျှ ဆေးပညာရှင်တွေဟာ နဂိုရောဂါအခံရှိသူတွေ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေအတွက် ပိုပြီးဂရုစိုက်လာရပါတယ်။
ဆီးချိုရောဂါ ရှိသူတွေဟာ သာမန်လူတွေထက် ပိုပြီးကူးစက်နိုင်ချေ ရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကူးစက်ခံလိုက်ရရင်တော့ နောက်ဆက်တွဲ ရောဂါအခြေအနေဟာ ပိုပြီးဆိုးရွားတာကို တွေ့ရပါတယ်။
နိုင်ငံပေါင်းစုံကနေ ရရှိတဲ့ အစီရင်ခံစာတွေအရလည်း ဆီးချိုရောဂါရှိသူတွေ ကူးစက်ခံရရင် သေဆုံးနှုန်း မြင့်တက်တာတွေ့ရပြီး ဒီဗိုင်းရပ်စ်ကလည်း သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတာ တွေ့ရပါတယ်။
>> ရောဂါပိုး မကူးစက်အောင် ဘယ်လိုနေမလဲ
● လူစုလူဝေးကို ရှောင်ရှားပါ။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။ မလိုအပ်ဘဲ အပြင်ထွက်တာ လူတွေနဲ့တွေ့တာ မလုပ်ပါနဲ့။ အကောင်းဆုံး ကာကွယ်နည်းကတော့ တစ်ဦးတည်းနေတာပါပဲ။
● ကိုယ့်မှာ ပိုးကူးစက်ခံထားရပြီလို့ ထင်ရင် - ကျန်းမာရေးဝန်ကြီးဌာနက ပေးထားတဲ့ဖုန်းတွေကို ဆက်သွယ်ပြီး ညွှန်ကြားချက်အတိုင်း ဆက်လုပ်ပါ။ မိမိဘာသာ အိမ်မှာ သီးသန့်နေပါ။ လိုအပ်တဲ့ စားသောက်စရာ အသုံးအဆောင်တွေကို ဖြည့်ထားပါ။
● အရည်များများသောက်ပါ။
● ဆီးချိုကို control ရပါစေ - ဆီးချိုပမာဏကို ထိန်းချုပ်နိုင်ပြီးသား လူနာတွေကိုတော့ ဆရာဝန်က ရက်ချိန်း သိပ်မခေါ်ဘဲ နေပါလိမ့်မယ်။ နောက်ပိုင်းမှာ ဆေးခန်းတွေက အင်တာနက်ကနေ တစ်ဆင့်လည်း လူနာတွေကို ကြည့်ပေးတာ ရှိပါတယ်။
● ကိုယ့်မှာ ချောင်းဆိုးတာ၊ ဖျားတာ၊ တခြား ကိုဗစ်နဲ့ဆိုင်တဲ့ လက္ခဏာတွေရှိရင် ရုံးလည်းမသွားပါနဲ့။
● ဆေးတွေ၊ အင်ဆူလင်တွေ လုံလုံလောက်လောက် ရှိပါစေ - ကိုယ်က အင်ဆူလင် ထိုးနေရတဲ့ ဆီးချိုရောဂါသည်ဆိုရင် ဆေး၊ ထိုးမယ့်အပ်၊ ဆီးချိုစစ်တဲ့ကိရိယာ စတာတွေ ပြည့်စုံအောင် စုထားပါ။ တကယ်လို့ ကိုယ်က နောက်နှစ်ပတ်လောက် အပြင်မထွက်နိုင်တော့ရင် လုံလောက်အောင် ကြိုပြီး စုဆောင်းထားပါ။
Dr. Htar (www.drmyanmar.com)






























