/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ့်ကိုယ်ကို-သတ်သေဖို့-ရာနှုန်းအများဆုံး-အလုပ်မျိုးကို

ကိုယ့်ကိုယ်ကို သတ်သေဖို့ ရာနှုန်းအများဆုံး အလုပ်မျိုးကို လုပ်မိနေသလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         သင်ဟာ ဆရာဝန်တစ်ယောက်လား၊  အချိန်တိုင်း မိုက်ခရိုစကုပ်တွေ အတွက်အချက်တွေနဲ့ နပန်းလုံးနေတဲ့ သိပ္ပံပညာရှင်လား၊ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကို သတ်သေဖို့ရာနှုန်း အများဆုံး လူအမျိုးအစားတွေထဲမှာ သင် ပါဝင်သွားပါပြီ။

●        သုတေသနပညာရှင်တွေဟာ သုတေသနတစ်ခုအတွက် Grant လို့ခေါ်တဲ့ ငွေကြေးတင်ပြမှု မအောင်မြင်တဲ့အခါ စိတ်ဓာတ်အလွန်ကျဖို့ သတ်သေဖို့ရာနှုန်း များပါတယ်။

●        ဆေးရောင်းတဲ့သူတွေ ဆေးဝါးကျွမ်းကျင်တွေဟာလည်း တစ်ချိန်လုံးဆေးတွေနဲ့ လူ့အသက်နဲ့ရင်းပြီး အလုပ်လုပ်နေရတဲ့အတွက် စိတ်ဖိအား တက်လာပြီး သတ်သေဖို့ရာနှုန်း များလာပါတယ်။

●        တောင်သူလယ်သမားတွေရဲ့ စိတ်ဖိစီးအားကတော့ သနားစရာလည်းကောင်း ပင်ပန်းဆင်းရဲလွန်းပါတယ်။ တစ်ချိန်လုံး စိုက်ပျိုးရေးမှာပဲ အာရုံစိုက်ရင်း ပင်ပန်းစွာ အလုပ်လုပ်ရတဲ့အခါ သတ်သေဖို့အခြေအနေတွေ များလာတာကို ဝမ်းနည်းစွာ တွေ့ရပါတယ်။

●        လျှပ်စစ်ပြင်ဆရာတွေကတော့ လျှပ်စစ်သံလိုက်လှိုင်းတွေနဲ့ မပြတ်ထိတွေ့နေရတာကြောင့် ဦးနှောက်တွင်း ပြောင်းလဲမှုတွေဖြစ်လာပြီး စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်လာကာ သတ်သေချင်စိတ်တွေ ပေါ်လာစေပါတယ်။

●        အိမ်ခြံမြေ အကျိုးဆောင်တွေအတွက်ကတော့ သူဌေးဖြစ်မလား၊ မြေကြီးဖြစ်မလား လမ်းနှစ်သွယ်ကြားမှာ အစဉ်ဗျာများနေရသူတွေပါ။ သူတို့ရဲ့စိတ်ဖိအားဟာ သူတို့ကို လူသတ်ချင်စိတ်အပြင် မိမိကိုယ်မိမိ သတ်သေချင်စိတ်တွေ များစေပါတယ်။

●        ရဲတွေကိုလည်း လျှော့မတွက်လိုက်ပါနဲ့။ သူတို့ရဲ့ဘဝဟာ စိတ်ဓာတ်အတိမ်အနက် အနိမ့်အမြင့် ကြားမှာ အန္တရာယ်ကြားမှာ အမြဲရုန်းကန်နေရသူတွေမို့ အိပ်ရေးပျက်တာ စိတ်ခွန်အား ကျဆင်းတာတွေ ကြုံရပြီး သတ်သေစိတ်တွေ များလာကြပါတယ်။

●        ရှေ့နေတွေနဲ့ ငွေစာရင်းကိုင်တွေရဲ့ သတ်သေနှုန်းကတော့ သိပ်မကွာပါဘူး။ လူတွေနဲ့ ထိတွေ့ဆက်ဆံတာ ကိန်းဂဏန်းတွေနဲ့ အချိန်မရွေးပြဿနာကြီးကို ထမ်းပိုးထားရသူတွေမို့ စိတ်ဓာတ်ကျလွယ်ကြပါတယ်။

●        ဆရာဝန်တွေကိုတော့ သနားစရာအကောင်းဆုံးထဲမှာ ထည့်ရမှာပါ။ စိတ်ဖိအားများတာ၊ စိတ်ဖီစီးမှုကို မကုချင်တာ၊ အလုပ်ရှားပါးတာ၊ ရုန်းကန်ရတာ၊ နေရာမရတာ နေ့ည ဂျူတီဆက်တိုက် ဆင်းရတာတွေက သူတို့ကို ပင်ပန်းနွမ်းနယ်နေစေပြီး စိတ်ဓာတ်ကျဆင်းကာ သတ်သေဖို့အတွေးတွေ ပေါ်လာစေပါတယ်။

          တကယ်တော့ ဘယ်အလုပ်ဖြစ်စေ စိတ်ဖိစီးမှုကို အနည်းနဲ့အများ ခံစားရတတ်ပါတယ်။ အထက်ဖော်ပြပါ အလုပ်တွေကတော့ စိတ်ဖိစီးမှု များလွန်းတဲ့အတွက် မိမိကိုယ်ကို သတ်သေနိုင်ခြေများကြောင်း အများက လက်ခံထားကြတဲ့ အလုပ်တွေပါ။ ဒါကြောင့် ဒီအလုပ်တွေကို လုပ်နေရတယ်ဆိုရင် စိတ်ဖိစီးမှုကို သတိထား လျှော့ချဖို့ အလွန်အရေးကြီးပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)