/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ့်ရဲ့-ခန္ဓာကိုယ်ထဲမှာ-ဗီတာမင်-d-နည်းနေပြီဆိုရင်
ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D နည်းနေပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ?
Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
1.            စိတ်ကျခြင်း (သို့) စိုးရိမ်ပူပန်စိတ်များခြင်း
ဗီတာမင် D ချို့တဲ့ခြင်းက စိတ်ကျရောဂါ၊ စိုးရိမ်စိတ်များခြင်းတို့နဲ့ ဆက်စပ်မှုရှိပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်း က ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးရဲ့ အခြားသောရှုထောင့်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ စိတ် ကျတာတွေ၊ ဆက်စပ်တွေးခေါ်နိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေရင်ဆိုင်နေရတယ်ဆိုရင် ဗီတာမင် D ချို့တဲ့သော လက္ခဏာဖြစ်နိုင်ပါတယ်။
2.            ချွေးထွက်လွန်ခြင်း
ဗီတာမင် D ချို့တဲ့ခြင်းရဲ့ လူသိနည်းတဲ့ လက္ခဏာတစ်ခုကတော့ ချွေးထွက်များခြင်းဖြစ်ပါတယ်။
မွေးကင်းစကလေးတွေမှာ ချွေးအလွန်အကျွံထွက်ခြင်းက ဗီတာမင် D ချို့တဲ့ခြင်းရဲ့ အဖြစ်များတဲ့ အစောပိုင်း လက္ခဏာတစ်ရပ်ြဖ်စ်ပါတယ်။ မိမိမှာ ပုံမှန်ထက် ချွေးအလွန်အကျွံ ပိုထွက်နေတယ်ဆိုရင် စစ်ဆေးကြည့်ပါ။
3.            အရိုးများ ကိုက်ခြင်း၊ အားနည်းခြင်း၊ ကျိုးလွယ်ခြင်း
အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် ၂ မျိုးကတော့ ကယ်ဆီယမ်နဲ့ ဗီတာမင် D တို့ဖြစ် ကြပါတယ်။
အမြဲလိုလို အရိုးတွေကိုက်နေတယ်၊ အရိုးကျိုးတယ် ဆိုရင် ဗီတာမင် D ချို့တဲ့လို့ဖြစ်နိုင်ပါတယ်။ ဂျာမန် သုတေ သီတွေက ဗီတာမင် D ချို့တဲ့ခြင်းက အရိုးကျိုးခြင်းအစပြုမှုနဲ့ ပြန့်နှံ့မှုကို ၃၁% လောက်ထိမြင့်တက်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဗီတာမင် D ချို့တဲ့ခြင်းကို ပြုပြင်ခြင်းအားဖြင့် အရိုးကို နည်းလမ်း ၂ မျိုးနဲ့အထောက်အကူဖြစ်စေပါတယ်။ ပထမအချက်ကတော့ အရိုးတွေပိုပြီးသန်မာလာပါလိမ့်မယ်။ ဒုတိယအနေနဲ့ ကြွက်သားလုပ်ဆောင်ချက်တွေကို ပိုကောင်းစေခြင်းအားဖြင့် ဟန်ချက်ညီစေပြီး ချော်လဲခြင်းကလျော့ကျစေကာ နောက်ထပ်အရိုးကျိုးခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
4.            အစာအိမ်မှအက်ဆစ်များ ပြန်ကန်တက်ခြင်း၊ ဗိုက်ကယ်ခြင်းနှင့် အခြားအူပြဿနာများ
အူထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားပိုးတွေနဲ့ ဗီတာမင် D ရဲ့ဆက်စပ်မှုကို အတိအကျ သက်သေမပြနိုင် ပေမယ့်လည်း ဗီတာမင် D က ကျန်းမာတဲ့အူကို ထိန်းသိမ်းရာမှာ အရေးပါတယ်ဆိုတာကတော့ အသေအချာ ပါပဲ။
ဗီတာမင် D က အစာအိမ်နဲ့ အူလမ်းကြောင်းတစ်ခုလုံးနဲ့ ဆိုင်ပါတယ်။ အူထဲက အကျိုးပြုဘက်တီးရီးယားပိုး တွေ ဆုံးရှုံးခြင်းကြောင့် အက်ဆစ်များပြန်ကန်တက်ခြင်း၊ အစာချေမှုအားနည်းခြင်း၊ ဗိုက်ကယ်ခြင်း၊ ဝမ်းချုပ်ခြင်း တွေ ဖြစ်စေနိုင်ပါတယ်။ ဒီပိုးတွေအသက်ရှင်ဖို့အတွက် ဗီတာမင် D လိုအပ်တာဖြစ်နိုင်ပါတယ်။
Osteocare 1
5.            အိပ်ပျော်ဖို့ ခက်ခဲခြင်း
ပြည့်စုံတဲ့ညအိပ်ရာဝင် အထောက်အပံ့တွေဖြစ်တဲ့ အိပ်ပျော်စေဖို့အတွက် အိပ်ခန်းကို အပင်များထားခြင်း၊ အိပ် စက်ခြင်းကို အားပေးတဲ့သဘာဝနည်းလမ်းတွေသုံးသော်လည်း အိပ်မပျော်ဘူးဆိုရင် နေ့ဘက်မှာ နေရောင်ခြည် ကနေပြီး ဗီတာမင် D လုံလောက်စွာမရလို့ ဖြစ်နိုင်ပါတယ်။
ဗီတာမင် D ချို့တဲ့ခြင်းက အိပ်စက်မှုပုံစံတွေကို အနှောင့်အယှက်ဖြစ်စေပြီး အိပ်မပျော်ခြင်း၊ အိပ်နေရာမှနိုး လာခြင်း၊ နှစ်ခြိုက်စွာအိပ်မပျော်ခြင်း၊ ရုတ်တရက်အကြောင်းမရှိ နိုးလာခြင်းနဲ့ အိပ်နေစဉ်မှာ မသင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေဖြစ်ခြင်းစတဲ့ အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေပါတယ်။
6.            လိင်တံ မထောင်မတ်နိုင်ခြင်း
လိင်တံ မထောင်မတ်နိုင်ခြင်းက အမျိုးသားတွေမှာ အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါ က တခြားပြသနာတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် ဗီတာမင် D ချို့တဲ့ခြင်းကိုလည်း မေ့ထားလို့မရပါဘူး။
7.            သိုင်းရွိုက်ပြသနာများ
သိုင်းရွိုက်လုပ်ဆောင်ချက်နည်းရင်လည်း ဗီတာမင် D ချို့တဲ့စေနိုင်ပါတယ်။
8.            ရောဂါပိုး မကြာခဏဝင်ခြင်း
ဗီတာမင် D က ကိုယ်ခံအားစနစ်ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် မရှိမဖြစ်အရေးကြီးတဲ့အတွက် ရောဂါပိုး မကြာခဏဝင်ခြင်းက ကိုယ်ခံအားစနစ် အားနည်းခြင်းကြောင့်ဖြစ်ပြီး ဗီတာမင် D ချို့တဲ့တဲ့လက္ခဏာဆိုတာ အံ့ အားသင့်စရာမရှိပါဘူး။
ဂျပန်က ကျောင်းနေအရွယ်ကလေးတွေကိုလေ့လာမှုတစ်ခုအရ ဗီတာမင် D ဆေးပြား နေ့စဉ်သောက်တဲ့သူတွေ က ရာသီတုပ်ကွေးရောဂါကို ကာကွယ်နိုင်တယ်လို့တွေ့ရပါတယ်။
ဗီတာမင် D က ကိုယ်ခံအားကို ၅ ဆတက်စေပြီး ရောဂါပိုးတွေနဲ့ ဗိုင်းရပ်စ်တွေကိုတိုက်ထုတ်နိုင်စွမ်းကို မြင့်မား စေပါတယ်။
9.            သွေးအားနည်းခြင်း
လေ့လာမှုတွေအရ ဗီတာမင် D နည်းပါးခြင်းက သွေးအားနည်းရောဂါဖြစ်နိုင်ချေ ပိုများစေသလို သွေးအားနည်း ရောဂါရှိသူတွေမှာ ဗီတာမင် D ပမာဏနည်းပါးတာကို တွေ့ရှိရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Osteocare 2
(Zawgyi)
2.       ချွေးထွက်လွန်ခြင်း
9.       သွေးအားနည်းခြင်း