/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ခန္ဓာကျန်းမာစေဖို့-မရှိမဖြစ်တဲ့သံဓာတ်

ကိုယ်ခန္ဓာကျန်းမာစေဖို့ မရှိမဖြစ်တဲ့သံဓာတ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုယ်ခန္ဓာကျန်းမာစေဖို့ အရေးကြီးတဲ့သတ္တုဓာတ်တွေထဲ သံဓာတ်လည်း ပါဝင်ပါတယ်။ သံဓာတ်ဟာ ကိုယ်ခန္ဓာကို ဘယ်လိုအကျိုးကျေးဇူးတွေ ပေးတယ်ဆိုတာ ကြည့်ကြရအောင်နော်။

၁။  သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်
သံဓာတ်အားနည်းခြင်းကြောင့် သွေးအားနည်းတာဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး သွေးအားနည်းရောဂါတစ်မျိုးပါ။ သွေးအားနည်းတဲ့အခါ မူးဝေခြင်း၊ နုံးခြင်း၊ မောခြင်း၊ ရင်တုန်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရပါလိမ့်မယ်။

၂။  နုံးနယ်ခြင်းကို လျှော့ချပေးပါတယ်
သံဓာတ်ချို့တဲ့ခြင်းကြောင့်လည်း အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ရက်သတ္တပတ် အတော်ကြာ နုံးနယ်တတ်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ အားဆေးတွေသောက်ခြင်းဖြင့် ဒီလိုနုံးနယ်တာကို သက်သာစေနိုင်ပါတယ်။

Feroglobin IA 1

၃။  ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်
သံဓာတ်ချို့တဲ့တဲ့အခါ ကြွက်သားတွေ ရောင်ရမ်းနာကျင်မှုကို ဖြစ်စေနိုင်ပြီး သံဓာတ်ပြည့်ဝခြင်းဖြင့် ကြွက်သားတွေဆီကို အောက်စီဂျင် ကောင်းကောင်းရောက်စေပြီး ကြွက်သားညှစ်အားနဲ့ ခံနိုင်ရည်ကို တက်စေနိုင်ပါတယ်။

၄။  ကိုယ်ခံစွမ်းအားကို တိုးစေနိုင်ပါတယ်
သံဓာတ်ဟာ ရောဂါဘယတွေနဲ့ ပိုးမွားတွေကို တိုက်ခိုက်နိုင်စွမ်းရှိတာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ သံဓာတ်အားနည်းတဲ့အခါ ကိုယ်ခံအားကျတတ်ပြီး ပြန်လည်နာလန်ထူဖို့ကိုလည်း နှေးကွေးစေပါတယ်။

၅။  အာရုံစူးစိုက်မှုကို ကောင်းစေနိုင်ပါတယ်
လေ့လာမှုတွေအရ သံဓာတ်ချို့တဲ့တဲ့အခါ စိတ်အာရုံစူးစိုက်မှုစွမ်းအားလည်း လျော့ကျသွားတာကို တွေ့ရပါတယ်။ သံဓာတ်ကို ပုံမှန်ပမာဏရောက်အောင် မြှင့်တင်ပေးခြင်းဖြင့် အာရုံစူးစိုက်မှုကောင်းစေပြီး အသိစိတ်ဉာဏ်စွမ်းအားကို ကောင်းစေနိုင်ပါတယ်။

Feroglobin IA 2

၆။  သွေးခြေဥခြင်းကို လျော့နည်းစေနိုင်ပါတယ်
သံဓာတ်အားနည်းခြင်းကြောင့် သွေးခြေဥလွယ်တတ်ပါတယ်။ ဟေမိုဂလိုဘင်ဓာတ်ဟာ သွေးမွှားဥထုတ်လုပ်ရာမှုပေါ်မှာ သက်ရောက်မှုရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

၇။  ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်
၂၀၁၅ ထုတ်လေ့လာချက်မှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် restless leg ညအိပ်ချိန် ခြေထောက်လှုပ်တဲ့ရောဂါ၊ sleep apnoea ညအိပ်ချိန် အသက်ရှူရပ်ရပ်သွားတတ်တဲ့ရောဂါနဲ့ ညအိပ်မပျော်ခြင်းစတဲ့ အအိပ်ပြဿနာတွေ ဖြစ်စေတတ်တယ်ဆိုတာကို တွေ့ရပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)