ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သော အပင်အခြေခံအစားအစာများ
အသက်ရလာခြင်းဟာ စိတ်ညစ်စရာတစ်ခုလား။ ဒီအတွက်ရော ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီးပြီလား။ မပြင်ဆင်ရသေးဘူးဆိုရင်လည်း ကိစ္စမရှိပါဘူးနော်။ အသက်ကြီးလာတာဟာ စိတ်ညစ်စရာတစ်ခုတော့လည်း မဟုတ်ပါဘူး။ သူ့ရဲ့ ကောင်းကွက်လေးတွေ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်အပန်းဖြေဖို့ အချိန်ပိုပေးနိုင်လာတယ်။ ချစ်ခင်ရသူတွေနဲ့အတူ ပိုပြီးအချိန်ကုန်ဆုံးနိုင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ဆိုရင် ရောဂါကင်းဝေးပြီး ကျန်းမာနေဖို့အတွက် ကိုယ်ခံအားကောင်းနေမှ ဖြစ်မှာပါ။1
ကိုယ်ခံစွမ်းအားရဲ့ ၇၀% ကနေ ၈၀% ထိဟာ အစာအိမ်အူလမ်းကြောင်းကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။ အပင်အခြေခံအစားအစာတွေဟာ အစာအိမ်အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပြီး ဗီတာမင်နဲ့သတ္တုဓာတ်တွေ၊ Antioxidants ဓာတ်တွေ ပါဝင်လို့ ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ ကူညီပေးပါတယ်။ အချို့သော အပင်အခြေခံအစားအစာတွေဟာ အမျှင်ဓာတ် ကြွယ်ဝရုံသာမက ပရိုတင်းဓာတ်လည်း ကြွယ်ဝတာကြောင့် အသက် (၄၀) အစောပိုင်းမှာ စဖြစ်လေ့ရှိတဲ့ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ရာမှာ ကူညီပေးနိုင်ပါတယ်။ အပင်ကရတဲ့ ပရိုတင်းဓာတ်တွေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Ensure Gold Plant-Based အာဟာရဖြည့်စွက်စာကို နေ့စဉ်မှီဝဲပေးခြင်းဖြင့် အသက်ရလာသူတွေမှာ အစားအသောက်ပျက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး သူ့မှာပါဝင်တဲ့ ကိုယ်ခံအားအတွက် အာဟာရဓာတ် (၁၂) မျိုး^ က ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားဆဲလ်တွေကို ကာကွယ်ပေးတာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။2, 3
Ensure IA 1

အသက်ရလာသူတို့အတွက် အရေးကြီး အာဟာရဓာတ်များ
အသက်အရွယ်ရလာတာနဲ့အမျှ အာဟာရစုံလင်စွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်းတို့ကို ညီညွတ်မျှတစွာ လုပ်ဆောင်မှသာ ကျန်းမာတဲ့ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းနိုင်မှာပါ။ အသက်ရလာတဲ့အခါ ပရိုတင်းဓာတ်က အရေးကြီးသလို လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တဲ့ စွမ်းအင်ကိုရရှိဖို့အတွက် ကစီဓာတ်ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် သက်လတ်ပိုင်းနဲ့ အသက်ရလာတဲ့အခါမှာ Complex Carbs လို့ခေါ်တဲ့ ကစီဓာတ်ပေါင်းကို မစားသင့်တော့ပါဘူး။ အသက်ရလာတဲ့အခါမှာ ကြွက်သားထုထည် တဖြည်းဖြည်းဆုံးရှုံးလာပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးလာတာကြောင့် အာဟာရဓာတ်စုံအောင်စားဖို့က အရေးကြီးလာပါတယ်။ ရောင်စုံအသီးအနှံတွေစားခြင်းဖြင့် ကြွက်သားတုံ့ပြန်မှုကောင်းစေတဲ့ ကယ်ရိုတင်း၊ ဗီတာမင်ဒီ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့ကို ရရှိနိုင်သလို ဟင်းသီးဟင်းရွက်တွေက ကြွက်သားခံနိုင်ရည်အားအတွက် လိုအပ်တဲ့ ဗီတာမင်ကေ၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်တို့ကို ပေးစွမ်းနိုင်ပါတယ်။ အစေ့အဆံတွေကနေ အမျှင်ဓာတ်နဲ့ စွမ်းအင်အတွက် ကစီဓာတ်ကို ရရှိနိုင်သလို အသားငါးကနေ Omega 6 ၊ Omega 9 နဲ့ ကြွက်သားတွေ တည်ဆောက်ပြုပြင်ဖို့ လိုအပ်တဲ့ အရည်အသွေးမြင့်ပရိုတင်း HMB တို့ကို ရရှိနိုင်ပါတယ်။ Ensure Gold မှာတော့ ကိုယ်ခံအားစနစ် ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့ ကူညီထောက်ပံ့ပေးနိုင်တဲ့ ပရိုတင်း၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဆစ်၊ ဗီတာမင်ဘီတွဲ၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်နဲ့ ဆီလီနီယမ်၊ ကော့ပါး၊ ဇင့်၊ သံဓာတ်တို့ ပါဝင်ပါတယ်။4, 6, 7, 8, 9
Ensure IA 2

အသက်ရလာသူတို့အတွက် ပရိုတင်းဓာတ်ရရှိနိုင်သော နည်းလမ်းများ
များသောအားဖြင့် အသက်ကြီးလာတဲ့အခါ ကြွက်သားထုထည်ဆုံးရှုံးမှုတွေ ပိုမိုများပြားလာလို့ ပရိုတင်းဓာတ်ကို ပိုမိုလိုအပ်လာပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်က အသားမစားချင်တာ၊ နို့အရသာမကြိုက်တာ၊ ဒါမှမဟုတ် သက်သတ်လွတ်စားနေတာဆိုရင် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို အပင်ကနေလည်း ရနိုင်ပါသေးတယ်။ ပဲပိစပ်မှာဆိုရင် ပရိုတင်းအပြင် ကယ်လ်ဆီယမ်နဲ့ သံဓာတ်ကြွယ်ဝပြီး၊ quinoaကတော့ ပရိုတင်းမြင့်မားစွာပါဝင်တဲ့ အစားအစာတစ်မျိုးပါ။ ပရိုတင်းအပြင် quinoaမှာ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်နဲ့ manganese ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ ဆန်ကနေရတဲ့ ပရိုတင်းဟာဆိုရင် သွေးတွင်းသကြားဓာတ်များခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အမိုင်နိုအက်စစ်တွေကို ထောက်ပံ့ပေးပါတယ်။ အခြား ပရိုတင်းကြွယ်ဝတဲ့ အပင်အခြေခံအစားအစာတွေကတော့ Almonds(အယ်လ်မွန်)၊ ပဲအမျိုးမျိုး၊ မြေပဲ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် (ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်) နဲ့ မှိုတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Ensure ရဲ့ ပထမဆုံး အပင်အခြေခံ ပြည့်စုံမျှတတဲ့ အာဟာရ Ensure Gold Plant-Based* မှာလည်း ပဲပိစပ်၊ ဆန်နဲ့ quinoa တို့ကနေ ရရှိနိုင်တဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ပရိုတင်းဓာတ်တွေကို ရရှိနိုင်ပါတယ်။9, 10, 11, 12
အသက်အရွယ်ရလာချိန်မှာ မိမိကိုယ်တိုင်နဲ့ မိမိချစ်ခင်ရသူတွေကို အချိန်ပေးနိုင်ဖို့အတွက် ကိုယ်ခံအားကောင်းဖို့က အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းမှသာ ရောဂါပိုးတွေကို အလွယ်တကူ တိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် အသက်အရွယ်ရလာတာနဲ့အမျှ အာဟာရစုံလင်စွာ စားသောက်ပေးဖို့၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့နဲ့ ကောင်းစွာအိပ်စက်အနားယူပေးဖို့ကို မမေ့သင့်ပါဘူး။14
အကယ်၍ မိဘဘိုးဘွားတွေအနေနဲ့ ခံတွင်းပျက်ပြီး အစားအသောက်တွေ စားလို့မဝင်ဘူးဆိုရင် လိုအပ်တဲ့အာဟာရဓာတ်တွေကို Ensure Gold Plant Based လိုမျိုး ဖြည့်စွက်အာဟာရကနေ ရယူနိုင်ပါတယ်။ အရည်အသွေးမြင့်ပရိုတင်းနဲ့ HMB ပါဝင်တဲ့ Ensure Gold Plant Basedလိုမျိုး ဖြည့်စွက်အာဟာရကို အစာနဲ့တွဲဖက်ပြီး နေ့စဉ် မှီဝဲပေးခြင်းဖြင့် အသက်ကြီးသူတွေမှာ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။ အညွှန်းအတိုင်းဖျော်စပ်ထားတဲ့ Ensure Gold Plant Based နှစ်ခွက်မှာဆိုရင် HMB (၁.၅) ဂရမ်နှင့် ပရိုတင်း ၊ လုံလောက်သော Omega 3 နဲ့ ကိုယ်ခံစွမ်းအားကို ထောက်ပံ့ကူညီ^ပေးသော အာဟာရဓာတ် (၁၂) မျိုး^ ပါဝင်ပါတယ်။ ဒါကြောင့် နှစ်ပေါင်း (၃၀) ကျော် သုတေသနပြုလုပ်ထားတဲ့ ပြည့်စုံမျှတအာဟာရ Ensure Gold နဲ့ အသက်ရလာသူတွေရဲ့ အလုံးစုံကျန်းမာရေးကို ကူညီပံ့ပိုးပေးလိုက်ကြရအောင်နော်။12, 15, 16, 17
Ensure Gold Plant-Based နမူနာလက်ဆောင်ထုပ်လေးတွေကို အောက်ပါ Link ကနေ အခမဲ့ ရယူနိုင်ပါပြီ။
https://www.ensuremyanmar.com/ensure-careline/
References:
1. How to boost your immune system? (health.harvard.edu)
2. Health benefits of plant-based eating (bayhealth.org)
3. https://abbottfamily.com.sg/brands/ensure/ensure-life-dairy-alternative
4. Diet and Exercise and Sleep (sleepfoundation.com)
5. How to keep a healthy immune system with plant-based foods (food.ndtv.com)
6. Ensure Gold with HMB And High-quality Protein | Ensure (ensuremyanmar.com)
7. Which vitamins are good for muscle health(healthonemedicine.com)
8. Good Carbs: Best sources of whole grains foods (mensjournal.com)
9. Soybeans 101: Nutrition Facts and Health Effects (healthline.com)
10. Why rice protein? (growingnaturals.com)
11. Health benefits of Quinoa (medicalnews.today)
12. https://abbottfamily.com.sg/brands/ensure/ensure-life-dairy-alternative
13. Nutrition for older adults(medicineplus.gov)
14. Exercise and Immunity (medicineplus.gov)
15. https://abbottfamily.com.sg/brands/ensure/range
16. https://www.leisurecare.com/resources/why-do-seniors-lose-weight/
17. Ensure Gold Full Prescribing Information, Dosage & Side Effects | MIMS Philippines
^Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system.
*Referring to Ensure’s portfolio in Pacific Asia. Made with plant-based protein from soy, rice, and quinoa






























