/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ခံအားကောင်းစေတဲ့-အစားအစာတွေ

ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●  ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာပါတဲ့ allicin ဆိုတဲ့ဓာတ်က virus တွေကို တိုက်ခိုက်ပေးပါတယ်။ ဒါကြောင့် သင် နေ့တိုင်းစားတဲ့ အစားအစာထဲမှာ ကြက်သွန်ဖြူ အနည်းငယ် ထည့်စားပေးတာက ကိုယ်ခံအားကို ကောင်းစေပါတယ်။

●  သံလွင်ဆီ
သံလွင်ဆီက ပိုးမွှားတွေကို သေစေနိုင်ပြီး အအေးမိ၊ တုပ်ကွေးတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ အသုပ်တွေထဲမှာ ထည့်စားတာမျိုး လုပ်နိုင်ပါတယ်။

●  ပျားရည်
ပျားရည်က ကိုယ်ခံစွမ်းအားကို ကောင်းစေတဲ့အပြင် vitamin တွေ၊ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ နေ့တိုင်း တစ်ဇွန်းစာ ဒီတိုင်းစားတာပဲဖြစ်ဖြစ်၊ ဒိန်ချဉ်၊ ဖျော်ရည်ထဲမှာ ရောပြီးသောက်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

●  ချင်း
ချင်းက တုပ်ကွေးပိုးကို နိုင်ပါတယ်။ ဒါကြောင့် ရေနဲ့ ပြုတ်သောက်တာပဲဖြစ်ဖြစ်၊ ရေနွေးထဲမှာ ဟင်းတွေထဲမှာ ထည့်စားတာမျိုးလုပ်ရင် ကိုယ်ခံအားကောင်းစေတဲ့အပြင် အနံ့၊ အရသာကို ပိုကောင်းစေပါတယ်။

●  Green tea/လက်ဖက်စိမ်း ရေနွေးကြမ်း
သောက်ကို သောက်သင့်တဲ့အရာပါ။ လေ့လာချက်တွေအရ တစ်နေ့ကို ၅ ခွက်လောက်သောက်ရင် ကိုယ်ခံစွမ်းအား မြှင့်တင်ရာမှာ အဓိကကျတဲ့ interferons ဆိုတဲ့ ပရိုတင်းလေးတွေ များများထွက်လာစေပါတယ်။

Dr. Htar (www.drmyanmar.com)