/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ခံအားကောင်းစေတဲ့-အစားအစာ-၆-မျိုး

ကိုယ်ခံအားကောင်းစေတဲ့ အစားအစာ (၆) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      Citrus fruits (လိမေ္မာ်သီး၊ သံပရာသီး၊ စတော်ဘယ်ရီ၊ ကီဝီ၊ သငေ်္ဘာသီး)

          ဒီအသီးတွေမှာပါတဲ့ ဗီတာမင် C က ရောဂါပိုးတွေကို အဓိကတိုက်ထုတ်ပေးတဲ့ သွေးဖြူဥ ထုတ်လုပ်မှုကို ကောင်းစေပါတယ်။ ဗီတာမင် C ကို ခန္ဓာကိုယ်က ထုတ်မပေးနိုင်သလို၊ သိုလှောင်မထားနိုင်တဲ့အတွက် ကျန်းမာရေးကောင်းဖို့ နေ့စဉ်စားသုံးပေးဖို့ လိုပါတယ်။

 

2.      ဒိန်ချဉ်

          ဒိန်ချဉ်ဝယ်တဲ့အခါမှာ အညွှန်းမှာ live and active cultures လို့ ပါတာကို ရွေးဝယ်ပါ။ ဒီ culture တွေက ရောဂါတွေကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပါတယ်။

 

3.      ကြက်သွန်ဖြူ

          ကြက်သွန်ဖြူကိုတော့ ဟင်းတိုင်းလိုလိုမှာ ထည့်သုံးလေ့ရှိကြပါတယ်။ ဟင်းတွေကို အနံ့အရသာ ကောင်းစေသလို ကျန်းမာရေးအတွက်လည်း မရှိမဖြစ်ပါပဲ။ ကြက်သွန်ဖြူက ကိုလက်စရောကို ကျစေပြီးတော့ သွေးကြောတွေ မာမသွားအောင် ကာကွယ်ပေးပါတယ်။ ပြီးတော့ ကြက်သွန်ဖြူထဲမှာပါတဲ့ allicin စတဲ့ ဓာတ်တွေက ကိုယ်ခံအားကို ကောင်းစေပါတယ်။

 

4.      အယ်မွန်သီး

          အယ်မွန်ကဲ့သို့သော အခွံမာသီးတွေမှာ ဗီတာမင် E ကြွယ်ဝပါတယ်။ ဒီဗီတာမင် E က အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီးတော့ သူ့ကို ကောင်းကောင်းစုပ်ယူနိုင်ဖို့အတွက် အဆီ လိုအပ်ပါတယ်။ ဒါကတော့ ကိုယ်ခံအားစနစ် ကောင်းစေဖို့အတွက် သော့ချက်လည်း ဖြစ်ပါတယ်။ အယ်မွန်သီး ခွက်တစ်ဝက်လောက်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင် E 100% လောက်နီးနီး ပေးစွမ်းနိုင်ပါတယ်။

 

5.      နနွင်း

          နနွင်းဆိုတာကလည်း ဟင်းတော်တော်များများမှာ ထည့်လေ့ရှိပါတယ်။ နနွင်းက ရောင်ရမ်းမှုတွေကို တိုက်ဖျက်နိုင်စွမ်းရှိပြီးတော့ အရိုးအဆစ် ရောင်ရမ်းခြင်း၊ လေးဖက်နာစတာတွေကို သက်သာစေနိုင်ပါတယ်။ နနွင်းထဲမှာပါတဲ့ အဝါရောင်ကိုဖြစ်စေတဲ့ curcumin က ရောင်ရမ်းခြင်းတွေနဲ့ ကိုယ်ပူတာကို ကျစေပါတယ်။

 

6.      လက်ဖက်စိမ်း

          လက်ဖက်စိမ်းမှာ epigallocatechin gallate (EGCG) နဲ့ အစွမ်းထက်တဲ့ အင်တီအောက်စီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လက်ဖက်စိမ်းကို အခြောက်ခံတဲ့နေရာမှာ fermentation လုပ်လိုက်ရင် EGCG ဓာတ် ပြယ်သွားပါတယ်။ fermentation မလုပ်ဘဲနဲ့ steamed ပဲ လုပ်မယ်ဆိုရင်တော့ EGCG ကို ထိန်းထားနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)