/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ခံအားကောင်းနေဖို့-ဘယ်လိုနေထိုင်စားသောက်မလဲ

ကိုယ်ခံအားကောင်းနေဖို့ ဘယ်လိုနေထိုင်စားသောက်မလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဆိုတာ ရှုပ်ထွေးပွေလီပြီး နားလည်ရခက်ခဲတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပါတယ်။ ခန္ဓာကိုယ်ထဲကို ရောဂါပိုးတစ်ခု ဝင်လာတဲ့အခါ ရောဂါပိုးကို အထူးဖန်တီးထားတဲ့ ဆဲလ်တွေနည်းအားဖြင့် တားဆီးချေမှုန်းပစ်ခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာနေအောင် အကူအညီပေးပါတယ်။

          ကိုယ်ခံအားစနစ်နဲ့ ကိုယ်ခံအားကို တိုးမြှင့်စေတဲ့ နေထိုင်စားသောက်မှု Lifestyle နဲ့ ပတ်သက်တဲ့ သုတေသနတွေကတော့ နညိးပါးလွန်းပါတယ်။ တိကျတဲ့အဖြေမရှိဘူးလို့တောင် ပြောလို့ရနေပါတယ်။ အများသတိထားမိကြတဲ့ နေမကောင်းဖြစ်ရတဲ့ အကျိုးအကြောင်းတွေကတော့ -

●        မိုးမိလို့ ဖျားတယ်။

●        အိပ်ရေးပျက်လို့ နေမကောင်းဖြစ်တယ်။

●        ခရီးပန်းလို့ အိပ်ရာထဲက မထနိုင်ဘူး။

●        မိသားစုကိုလွမ်းလို့ အိပ်ရာထဲ လဲတယ်။

Immunace 1

          တကယ်တော့ အများလက်ခံထားကြတာတွေ အပြင် ကိုယ်ခံအားစနစ်ကို ကျဆင်းစေတဲ့အရာတွေ အပြုအမူတွေကတော့ လက်ဆုပ်လက်ကိုင် ရှိနေပါတယ်။ ဒီတော့ ဒီအပြုအမူတွေကို သတိထား ရှောင်ကြဉ်လိုက်ခြင်းဖြင့် ကိုယ်ခံအားစနစ်ကို သိသိသာသာ တက်လာအောင် ကြိုးစားပေးနိုင်တာပေါ့။

>>    ကိုယ်ခံအားစနစ်ကို မထိခိုက်အောင် ပြုမူပေးရမယ့်အရာတွေက ဘာတွေဖြစ်မလဲ?

1.      ဆေးလိပ်ကင်းဝေး ကျန်းမာရေး

          ဆေးလိပ်ငွေ့ဟာ မိမိရဲ့အဆုတ်ကို အဆိပ်သင့် လောင်မြှိုက်စေရုံသာမက ကင်ဆာရောဂါနဲ့ အခြား အသက်ရှူလမ်းကြောင်းရောဂါတွေဆီ တွန်းပို့ပေးနေပါတယ်။ ကောင်းကျိုးမပေးတဲ့  ဆေးလိပ်အဆိပ်ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားအတွက် အလုပ်လုပ်ပေးနေတဲ့ ဆဲလ်တွေကို ပြဿနာပေးနိုင်တယ်ဆိုတာ သံသယရှိစရာမလိုတဲ့ အချက်ပါ။

2.      အိပ်ရေးဝဝ အိပ်စက်ပြီး ကိုယ်ခန္ဓာကို လုံလောက်စွာ အနားပေးကြမယ်

          အိပ်စက်ခြင်းဟာ ကိုယ်ရောစိတ်ပါ အနားရစေပြီး ခန္ဓာကိုယ်ရဲ့ စနစ်အတော်များများကို ပြန်လည်ကျန်းမာဖို့ အားဖြည့်ပေးတဲ့ တာဝန်ကို ယူထားပါတယ်။ အိပ်ရေးမဝဖြစ် အိပ်ရေးပျက်တဲ့အခါ လုံလောက်တဲ့ အနားမရတဲ့ ကိုယ်ခန္ဓာဟာ ချိနဲ့လာပြီး ရောဂါပိုးကို ကာကွယ်နိုင်စွမ်း ကျဆင်းလာမှာ မလွဲပါဘူး။

3.      အရက်စွဲနေသူများ သတိထား

          သင့်တင့်မျှတတဲ့ အရက်ပမာဏဟာ နှလုံးကျန်းမာရေး ကောင်းစေပါတယ်။ အလားတူပဲ ဝိုင်တစ်ခွက်ဟာ စွမ်းအင်ကို မြင့်တက်စေပြီး စိတ်ဖိစီးမှုကို တိုက်ဖျက်ပါတယ်။ အလွန်အကျွံ သောက်သုံးတဲ့အခါတော့ အဲဒီရလဒ်တွေကို ဆုံးရှုံးရမယ့်အပြင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခန်းခြောက်ခြင်း အသည်းထိခိုက်ခြင်း ဦးနှောက်အာရုံကြော လုပ်ငန်းဆောင်တာတွေ နှေးကွေးလာတာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီအခါ ကိုယ်ခံစွမ်းအားဟာလည်း ထပ်တူကျဆင်းလာပြီး ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာဖို့ ကြိုဆိုနေမှာ ဧကန်မလွဲပါ။

4.      အာဟာရ ပြည့်ပြည့်ဝဝစားပြီး ကိုယ်ခံအားစနစ်ကို ကူညီကြမယ်

          မပြည့်ဝတဲ့အာဟာရ ဗီတာမင်တွေ လိုအပ်နေတဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ အခက်အခဲရှိမှာ မုချပါ။ ဗီတာမင် ပရိုတင်းနဲ့ သက်စောင့်ဓာတ်တွေဟာ ကိုယ်ခံအားဆဲလ်တွေကို တည်ဆောက်တဲ့အခါမှာ အဓိကအရေးပါလျက် ရှိပါတယ်။ သက်စောင့်အင်ဇိုင်းဓာတ်တွေ ဆဲလ်အာဟာရတွေကို ဖြည့်တင်းနိုင်ဖို့ မြစိမ်းရောင် အသီးအရွက်တွေနဲ့ ဝါရွှေရောင် သစ်သီးဝလံတွေ အသားငါးတွေ ပြည့်ပြည့်ဝဝ စားသုံးပေးဖို့ လိုအပ်ပါတယ်။ အစာအုပ်စု သုံးခုလုံး ညီညွတ်မျှတနေမှသာ ကိုယ်ခံအားစနစ် အပါအဝင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံးရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Immunace 2











2.       အိပျရေးဝဝ အိပျစကျပွီး ကိုယျခန်ဓာကို လုံလောကျစှာ အနားပေးကွမယျ





