/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ခံအားတိုးအောင်-နေ့စဉ်အစားအစာမှာ-ဒါတွေပါအောင်-စားကြည့်ရအောင်

ကိုယ်ခံအားတိုးအောင် နေ့စဉ်အစားအစာမှာ ဒါတွေပါအောင် စားကြည့်ရအောင် ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေပြီး အားအင်သစ်တွေ တိုးလာစေမယ့် ကိုယ်ခံအားဖြည့် ဖျော်ရည်လေးတွေနဲ့ ကျန်းမာတဲ့ ကိုယ်ခံအားကို စတင်တည်ဆောက်ကြရအောင် ...။

●        ပန်းသီး၊ မုန်လာဥနီ နှင့် လိမေ္မာ်သီးကို ဖျော်ရည်လုပ်၍  ပေါင်းစပ်သောက်သုံးခြင်း

●        အသီး လတ်လတ်ဆတ်ဆတ်နှင့် ဖျော်ထားသော လိမေ္မာ်ရည်

●        ခရမ်းချဉ်သီးဖျော်ရည်

●        မုန်လာဥနီ ဖျော်ရည်ထဲကို ချင်းနှင့် ဆနွင်းမှုန့် ရောစပ်သောက်သုံးခြင်း၊ ဖျော်ရည် ပြုလုပ်သောက်သုံးခြင်း

●        စတော်ဘယ်ရီသီးနှင့် သရက်သီးကို ပေါင်းစပ်ပြုလုပ် သောက်သုံးခြင်း

●        စတော်ဘယ်ရီနှင့် ကီဝီသီး အရောဖျော်ရည်

●        ဖရဲသီးဖျော်ရည်တို့ ဖြစ်ပါတယ်။

Immunace 1

          နောက်ထပ် မီးဖိုချောင်ထဲက ကိုယ်ခံအားတက် ဆေးကောင်းတွေကတော့ အများသိကြတဲ့ အဆာပလာတွေပါပဲ။

●        လတ်ဆတ်တဲ့ ကြက်သွန်ဖြူရဲ့စွမ်းပကား

          ကြက်သွန်ဖြူတတက်မှာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ဓာတ်တွေ မြင့်မားစွာ ပါဝင်နေလို့ ကိုယ်ခံအားစနစ်ကို တစ်နည်းတစ်ဖုံ အကူအညီပေးလျက် ရှိပါတယ်။ ထမင်းစားတဲ့အခါ ကြက်သွန်ဖြူ ကိုက်စားတာမျိုး၊ ဟင်းကျက်ခါနီးမှ ထောင်းထည့်တာမျိုး ပြုလုပ်ခြင်းဖြင့် လတ်ဆတ်တဲ့အာနိသင် အပြည့်အဝ ရရှိစေမှာပါ။

 

●        ဆေးဖက်ဝင်နနွင်း

          မြန်မာဟင်းတွေမှာ မပါမဖြစ် နနွင်းဟာ ဆဲလ်တွေ ရောင်ရမ်းခြင်း၊ အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် အထောက်အကူ ကြီးကြီးမားမား ရစေပါတယ်။

 

●        တန်ခိုးထွားတဲ့ချင်း

          ချင်းဟာ အဆိပ်အတောက်တွေ ပြေပျောက်စေပြီး သွေးလည်ပတ်မှု ကောင်းစေတဲ့အတွက် ကိုယ်ခံအားစနစ်အတွက် အဓိက ကျနေပြန်ပါတယ်။ အသားဟင်းတိုင်း ဟင်းချိုတိုင်းမှာ ချင်းလေး လက်တစ်ဆစ်လောက် ထောင်းထည့်လိုက်ခြင်းဖြင့် အညှီနံ့ ပျောက်တဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

Immunace 2

●        လက်ဖက်စိမ်းရည် သောက်ကြရအောင်

          ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားစွာ ပါဝင်နေပြီး ရုပ်ရည် နုပျိုစေပါတယ်ဆိုတဲ့ လက်ဖက်စိမ်းရည် Green Tea ဟာလည်း ကိုယ်ခံအားစနစ်ကို တောင့်တင်းစေပါသတဲ့။

 

●        အရသာလည်းရှိ လူလည်း လန်းစေတဲ့ ကမ္မလာသီး

          လတ်ဆတ်တဲ့ ကမ္မလာသီးမှာ ဗီတာမင်စီတွေ အပြည့်ပါဝင်နေတဲ့အပြင် ကိုယ်ခံအားကို အံသြစရာကောင်းလောက်အောင် တိုးတက်ကောင်းမွန်သွားစေပါတယ်။ အသီးဖျော်ရည်ထဲကို  ပျားရည်ချိုချိုလေး တစ်ဇွန်းလောက်ပါ ရောစပ်လိုက်ရင်တော့ အနှိုင်းမဲ့ ကိုယ်ခံအားတိုးဆေးတစ်ခွက်ပါပဲ။ ရေခဲတုံးလေးတွေ ပစ်ထည့်ပြီး တစ်ခွက်လောက် မော့ချလိုက်ရင်ဖြင့် ဘယ်လောက်အရသာရှိပြီး အင်အားတိုးစေလိုက်မလဲနော်။

          အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို အရသာလည်းရှိ မြန်မာ့မီးဖိုချောင်နဲ့လည်း မစိမ်းတဲ့ ကိုယ်ခံအားတိုး အစားအစာနဲ့ သစ်သီးဝလံများကို ဂရုတစိုက် စားသုံးပေးခြင်းဖြင့် ရောဂါကင်းဝေး ကျန်းမာရေးကို  အရယူလိုက်ကြရအောင်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)