ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက် App
အချိန်တိုတွင်းကိုယ်အလေးချိန်ကျလိုသူတွေအတွက် အဆင်ပြေစေမယ့် App လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါ တယ်။ ၈ ပတ်အတွင်း ကိုယ်အလေးချိန်ကျအောင် ပံ့ပိုးပေးနိုင်တဲ့ App ကောင်းလေးတစ်ခုပါ။ App မှ ညွှန်ကြားချက်အတိုင်း တစ်ပတ်မှာ ၃ ရက် လေ့ကျင့်ရမှာဖြစ်ပြီး ပြေးတာ၊ လမ်းလျှောက်တာနဲ့ တာတိုပြေးစတဲ့ လေ့ကျင့်ခန်းခေါင်းစဉ်နဲ့အညီ ခြေလှမ်းအားကို အသုံးပြုပြီး ၀ိတ်လျှော့ချရမှာဖြစ်တဲ့အတွက် လူကိုပေါ့ပါးသွက်လက်လာစေနိုင်သလို ၀ိတ်လည်း ကျစေနိုင်တဲ့ အကျိုးကျေးဇူးကိုရရှိစေနိုင်မှာပါ။ လေ့ကျင့်ခန်းမစမီ သွေးပူလေ့ကျင့်ခန်း လုပ်ရမယ့်အချိန်၊ လေ့ကျင့်ခန်း တစ်ခုခြင်းစီအတွက် အချိန်သတ်မှတ်ချက်၊ အကြောလျှော့လေ့ကျင့်ခန်း လုပ်ရမယ့်အချိန်တို့ကို သိနိုင်စေဖို့အတွက် နောက်ခံစကားသံပါရှိတာကြောင့် တစ်ခုကျော်ပြီး လေ့ကျင့်မိတာမျိုး၊ ကိုယ်တိုင်အချိန်မှတ်သားရတာမျိုးမရှိစေပါဘူး။
အချိန်အကန့်အသတ်အတိုင်း ပြည့်မီစွာလုပ်နိုင်ခဲ့ရဲ့လားဆိုတာကိုလည်း အဖြေထုတ်ပေးတဲ့အပြင် ကယ်လိုရီ လောင်ကျွမ်းတဲ့ ပမာဏကိုလည်းသိနိုင်ပါတယ်။ Beginner, Intermediate, Advanced သုံးမျိုးထဲမှ မိမိနဲ့သင့်လျော်မယ့် level ကို ရွေးပြီး လေ့ကျင့်နိုင်ပါတယ်။ နောက်ခံတေးဂီတသံလေးတွေထည့်ပြီး လည်း လေ့ကျင့်သွားနိုင်ပါတယ်။ လေ့ကျင့်မှုရလဒ်တွေကို facebook, Twitter မှာ share နိုင်ပါတယ်။ ဒီ App လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ iOS8.0 နဲ့အထက်ရှိဖို့ လိုအပ်ပြီး iPhone, iPod, iPod touch တို့မှာသာ အသုံးပြုလို့ရပါတယ်။
CMS






























