/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်-စိတ်၀င်စားနေတဲ့သူကို-ဘယ်လိုဆွဲဆောင်မလဲ

ကိုယ် စိတ်၀င်စားနေတဲ့သူကို ဘယ်လိုဆွဲဆောင်မလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မြီးကောင်ပေါက်အရွယ် မိန်းမငယ်တွေဟာ သူတို့စိတ်ဝင်စားတဲ့ အမျိုးသားနဲ့ ပတ်သက်ပြီး စိတ်ခံစားမှု ပြင်းထန်လေ့ ရှိပါတယ်။ မဖွင့်ဟရဲ၊ မပြောရဲ၊ မဆိုရဲနဲ့ အိပ်မပျော် စားမဝင်ဖြစ်ပြီး စိတ်ကျန်းမာရေး မထိခိုက်ရလေအောင် နည်းလမ်းလေးတွေ တင်ပြဆွေးနွေးပါရစေ။

●        မိမိကိုယ်ကို ယုံကြည်မှုရှိပါ။ အပြင်ပိုင်းလှပမှု နဂိုချောလှမှုတွေထက် ထက်မြက်ပြီး ယုံကြည်မှုရှိတဲ့အချက်ဟာ အမျိုးသားတွေကို  အလွန်ဆွဲဆောင်နိုင်ပါတယ်။

●        ဆွဲဆောင်မှုရှိရှိ ဝတ်တယ်ဆိုတာ၊ အဝတ်အစားဟာ အရေးကြီးတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ မပေါ့်တပေါ်ဝတ်၊ အကျပ်တွေ၊ အဟိုက်တွေထက် အမျိုးသားတွေကို မေးမြန်းသုတေသန လုပ်ထားချက်တွေအရ  ငယ်ရွယ်လန်းဆန်းပြီး လုံခြုံတဲ့အသွင်ဟာ အလုပ်အဖြစ်ဆုံးပါတဲ့။

●        သူ့ကို တည့်တည့်ကြည့်ပြီး စကား ပြောဆိုပါ။ ရှက်ပြီး ခေါင်းငုံ့နေတာ၊ မျက်နှာ လွှဲပစ်တာတွေ မလုပ်ပါနဲ့။ ခေတ်ကုန်နေပါပြီ။ တည့်တည့်ကြည့်၊ ရဲဝံ့တဲ့ မိန်းကလေးတွေကို အမျိုးသားတွေက ပိုနှစ်လိုကြပါတယ်။

●        ဂိမ်း အတူဆော့ပါ။ စိတ်ဝင်စားတာတွေ မျှဝေပါ။ သူ နားမထောင်ချင်တဲ့ နှုတ်ခမ်းနီအကြောင်း ပြောမယ့်အစား သူလည်း စိတ်ဝင်စား၊ ကိုယ်လည်း အာရုံရတဲ့ စာအုပ်တစ်အုပ်အကြောင်း၊ ရုပ်ရှင်တစ်ကားအကြောင်း ပြောတာက အပြန်အလှန် နားထောင်မှု ရရှိပြီး စိတ်ဝင်စားမှု မြင့်တက်စေပါတယ်။

●        ဆံပင်စတိုင် ပြောင်းလိုက်ပါ၊ မြင်နေကျထက် တစ်မျိုးဆန်းနေတဲ့အသွင်ဟာ စိတ်တက်ကြွစေပြီး ကိုယ်သဘောကျနေတဲ့ အမျိုးသားကလည်း ကိုယ့်ကို သတိထားမိစေပါတယ်။

●        ပွင့်လင်းပါ။ မပွင့်တပွင့် မိန်းကလေးတွေဟာ သိက္ခာရှိ၊ ဣနြေ္ဒ ပြည့်ဝတာနဲ့ မပွင့်တပွင့် မြုံစိစိနဲ့ မတူပါဘူး။ အားရပါးရ ရယ်မောတတ်၊ ပျော်တတ်တဲ့၊ ပွင့်လင်းတဲ့ မိန်းကလေးဟာ ဆွဲဆောင်မှုအပြည့် ရှိပါတယ်။

 

          ဒီခေတ်တွေမှာ Behavioral Science လို့ခေါ်တဲ့ ပြုမူနေထိုင်ပုံတွေ မိမိရဲ့ ဘဝနေထိုင်မှုတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် အလွန်အရေးပါတယ်လို့ လက်ခံ ယူဆလာကြပါတယ်။ ဒါကြောင့် မိမိအနေနဲ့ ခံစားနေရတာ မပွင့်လင်းတာ၊ အခက်အခဲ ကြုံနေတာတွေကို ဖွင့်ဟတိုင်ပင်ဖို့ ပညာပေးကျွမ်းကျင် အတိုင်ပင်ခံတွေ နိုင်ငံတိုင်းမှာ ရှိနေပါပြီ။ အရေးမပါတဲ့ အရာတွေမှာ ကိုယ်အား၊ စိတ်အားတွေ လောင်ကျွမ်း ကုန်မဆုံးသွားဖို့ ကာကွယ်လိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိက ဆက်ဆံရေး အချက်အလက်များကို မျှဝေလိုက်တာမို့ လိုသလို အသုံးတည့်ကြပါစေနော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)