ကိုရိုနာဗိုင်းရပ်စ်ပျံ့နှုန်း နှေးစေနိုင်သော အခြေအနေများ
ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အခုဆိုရင် မြန်မာပြည်ကိုပါ ရောက်ရှိလာပြီဆိုတာ သိကြပြီး ဖြစ်ပါလိမ့်မယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ပျံ့နှံ့နှုန်းနဲ့ ရာသီဥတု ဆက်စပ်မှုရှိပုံကို လေ့လာခဲ့တဲ့ ဟောင်ကောင်တက္ကသိုလ်မှ Professor ကြီးများရဲ့အဆိုအရ ကိုရိုနာဗိုင်းရပ်စ်ကြောက်တဲ့အရာ (၃) မျိုး ရှိပါတယ်။ ဒါတွေကတော့ နေရောင်ခြည်၊ အပူချိန်နဲ့ စိုထိုင်းဆတို့ပဲ ဖြစ်ပါတယ်။
● နေရောင်ခြည်ဟာ ဗိုင်းရပ်စ်ရဲ့ကြီးထွားနိုင်စွမ်းကို တစ်ဝက်ခန့် ဖြတ်တောက်နိုင်ပါတယ်။ ဒါကြောင့် နေရောင်အောက်မှာဆိုရင် ၂.၅ မိနစ်ခန့်သာ ရှင်သန်နိုင်မှာဖြစ်ပြီး အမှောင်ထဲမှာတော့ ၁၃ မိနစ်ကနေ ၂၀ မိနစ်ခန့် ရှင်သန်ကြီးထွားနိုင်ပါတယ်။
● ဂျာမနီနိုင်ငံသား သုတေသနပညာရှင်ရဲ့ လေ့လာချက်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ အပူနဲ့ ထိတွေ့တဲ့အခါ လျင်မြန်စွာ ပြိုကွဲနိုင်တယ်လို့လည်း သိရပါတယ်။
>> တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ မှန်ကန်တဲ့ကာကွယ်မှုရှိခြင်း
အပူချိန်ထက် ပိုပြီးအရေးကြီးတာကတော့ သန့်ရှင်းရေးကို အလေးထားပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားဖို့ပါပဲ။ အပြင်သွားတိုင်း လက်ကို မကြာခဏဆေးကြောဖို့၊ mask တပ်ဖို့၊ လူစုလူဝေးရှောင်ကြဉ်ပြီး social distancing နည်းစဉ်တွေကို လိုက်နာဖို့ လူတိုင်းမှာ အသိရှိရန် လိုပါတယ်။
>> အပူချိန်နဲ့ လေထုစိုထိုင်းမှု
ပူနွေးစိုစွတ်တဲ့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှုန်း နှေးနိုင်ပါတယ်။
အေးသောနိုင်ငံတွေဖြစ်တဲ့ ဥရောပနဲ့အမေရိကန်နိုင်ငံတွေမှာ ခြောက်သွေ့တဲ့လေထုရှိတဲ့အတွက် ဗိုင်းရပ်စ်ပျံ့နှုန်း မြန်စေတဲ့အပြင် အရာဝတ္ထုတစ်ခုခုအပေါ်မှာလည်း အချိန်ကြာမြင့်စွာ တည်ရှိနေဖို့ အလားအလာများစေပါတယ်။
အေးသောနိုင်ငံတစ်ခုဖြစ်တဲ့ အီရန်နိုင်ငံရဲ့ ပျမ်းမျှအပူချိန်ဟာ 0°C to 10°C သာရှိပြီး ယခုအခါ ကိုရိုနာကူးစက်ခံရသူဦးရေ နှစ်သောင်းကျော်ရှိပြီး သေဆုံးသူပေါင်း (၂၂၃၄) ယောက် ရှိနေပြီ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























