ကိုရိုနာဗိုင်းရပ်စ် နဲ့ ရိုးရိုးအအေးမိတာ ဘာတွေကွာသလဲ
ရိုးရိုးအအေးမိခြင်းတချို့ဟာ တကယ်တော့ ကိုရိုနာဗိုင်းရပ်စ်တွေကြောင့်ပါပဲ။ လူသားတွေဟာ ရိုးရိုး ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ရင်းနှီးပြီးသားပါ။ လက်ရှိကူးစက်နေတဲ့ COVID-19 လို့ခေါ်တဲ့ သေစေနိုင်တဲ့ရောဂါကတော့ ဆင့်ကဲပြောင်းလဲသွားတဲ့ Novel Coronavirus (ထူးခြား ကိုရိုနာဗိုင်းရပ်စ်) ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် နဲ့ ရိုးရိုးအအေးမိခြင်းတို့ဟာ အသက်ရှူလမ်းကြောင်းလက္ခဏာမှာ အတော်လေး တူညီကြပါတယ်။
>> ရိုးရိုးအအေးမိခြင်း ရောဂါလက္ခဏာများ
● (၂) ရက်မှ (၃) ရက်အတွင်း ရောဂါလက္ခဏာ အပြင်းထန်ဆုံးဖြစ်ခြင်း (အချို့တွင် ၁၀ ရက် မှ ၁၄ ရက်ထိ ကြာနိုင်)
● နှာစေးခြင်း၊ နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်း
● လည်ပင်းနာခြင်း
● ချောင်းဆိုးခြင်း
● မျက်ရည်ပူများကျခြင်း
● ကိုယ်ပူခြင်း (အချို့ကတော့ ကိုယ်မပူတတ်ပါဘူး)
>> ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ
● ရောဂါပိုးနဲ့ ထိတွေ့ပြီး (၂) ရက် မှ (၁၄) ရက် အတွင်း ရောဂါလက္ခဏာပြသခြင်း (ရောဂါပြင်းနိုင်)
● ချောင်းဆိုးခြင်း
● အသက်ရှူကြပ်ခြင်း
● ကိုယ်ပူခြင်း
● အဆုတ်ရောင်ခြင်း (လည်ပင်းနာခြင်း၊ နှာစေးခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ အဖြစ်နည်း)
ရောဂါနှစ်မျိုးလုံးအတွက် သီးသန့် အမြစ်ပြတ်ကုသဆေး မရှိသေးတဲ့အတွက် စနစ်တကျ ကာကွယ်ဖို့ လိုအပ်ပါတယ်။
>> ကာကွယ်နည်းများ
● လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) ခန့်ကြာအောင် စင်ကြယ်စွာဆေးပါ။
● မသန့်ရှင်းသောလက်ဖြင့် ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
● ဖျားနာနေသောသူများနဲ့ အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
● ဖျားနာနေပါက အိမ်မှာပဲ အနားယူပါ။
● ရောဂါပိုးရှိနေနိုင်သော နေရာများကို မကြာခဏ ပိုးသတ်ပေးပါ။
ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)






























