/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုလက်စထရောပမာဏမြင့်တက်စေသော-ဆေးဝါးများ

ကိုလက်စထရောပမာဏမြင့်တက်စေသော ဆေးဝါးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆေးဝါးများသောက်သုံးရာတွင် ကောင်းကျိုးများရှိသလို ဘေးထွက်ဆိုးကျိုးများကိုအနည်းနှင့်အများဆိုသလို ခံစားရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများအနက်မှ အချို့ဆေးဝါးတွေက သွေးတွင်းရှိ ကိုလက်စထရော ပမာဏကိုမြင့်တက်စေပါတယ်။ သွေးတွင်းရှိ ကိုလက်စထရောပမာဏ များပြားလာခြင်းသည် နှလုံးရောဂါ၊ သွေးတိုးရောဂါကဲ့သို့သော မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်ပေါ်စေပါတယ်။ ဘယ်လိုဆေးဝါးအမျိုးအစားတွေက ကိုလက်စထရောပမာဏကိုမြင့်မားစေတယ်ဆိုတာကို လေ့လာကြည့်ကြရအောင်…

 

1. စတီးရွိုက် (Steroid)

          ပန်းနာရင်ကြပ်ရောဂါ၊ ဓာတ်မတည့်သောရောဂါများနှင့် အခြားသောကျန်းမာရေးအခြေအနေများအတွက် အသုံးပြုသောစတီးရွိုက်ပါ၀င်တဲ့ ဆေးဝါးတွေဟာ total cholesterol (စုစုပေါင်းကိုလက်စထရောပမာဏ) နှင့် triglyceride အဆီ ပမာဏတွေကို မြင့်တက်စေ ပါတယ်။ ဒါပေမဲ့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။

 

2. Progestin (ပရိုဂျက်စတင်)

          သနေ္ဓတားဆေးမှာပါ၀င်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ မကောင်းတဲ့ကိုလက်စထေရာ(LDL) ပမာဏမြင့်တက်စေပြီး ကောင်းမွန်တဲ့ကိုလက်စထရော (HDL) ပမာဏကိုလျော့နည်းစေပါတယ်။ ဒါပေမဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားနှုန်းအပေါ်မှာ သက်ရောက်မှုသိပ်မရှိပါဘူး။

 

3. Retinoids (ရက်တီးနွိုက်)

          အရေပြားကောင်းမွန်ဖို့အတွက် အလှကုန်ပစ္စည်းတွေမှာထည့်သွင်းအသုံးပြုတဲ့ ရွိုက်တီးနွိုက်(Retinoid) ကလည်း ကိုလက်စထရောပမာဏကို အနည်းငယ်မြင့်တက်စေပါတယ်။ ရွိုက်တီးနွိုက်ပါ၀င်တဲ့အလှကုန်များကို မလိုအပ်ဘဲပမာဏများများသုံးစွဲခြင်းက အသည်းပျက်စီးစေပြီး ကိုလက်စထရောပြိုကွဲခြင်းကို ထိခိုက်စေတာကြောင့် ကိုလက်စထရောပမာဏကို အနည်းငယ်မြင့်တက်စေပါတယ်။

 

4. Beta Blockers (သွေးတိုးကျဆေးအုပ်စုတစ်စု)

          ပုံမှန်အားဖြင့် ဖြစ်လေ့ဖြစ်ထမရှိပေမဲ့ အချို့သောလူများတွင် Beta blocker သောက်သုံးခြင်းက သွေးထဲရှိကိုယ်လက်စထရောပမာဏကို မြင့်တက်စေပါတယ်။ သွေးတိုးရောဂါတွင် အသုံးပြုတဲ့ Beta blocker ဆေးဝါးဟာ အချို့သောလူနာတွေမှာ triglyccricle ပမာဏကို မြင့်တက်စေတာကြောင့် နှလုံးရောဂါဖြစ်ဖို့အလားအလာကိုလည်း မြင့်မားစေတယ်လို့ The center for the Cardiovascular Diagnostics and Prevention မှ ဒါရိုက်တာဒေါက်တာ Haren ကဆိုပါတယ်။

 

5. Diureties (ဆီးဆေးများ)

          ဆီးဆေးအဖြစ်လည်းကောင်း၊ သွေးထိန်းဆေးအဖြစ်လည်းကောင်းအသုံးပြုတဲ့ Hydrochlorothiazide ဟာ သွေးတွင်းရှိ (Total Cholesterol) စုစုပေါင်းကိုလက်စထရောပမာဏကို 11% ထိ မြင့်တက်စေနိုင်ပြီး မကောင်းတဲ့ကိုလက်စထရောပမာဏ (LDL) ကို 12% ထိမြင့်တက်စေနိုင်ပါတယ်။

          ဒါကြောင့်သွေးတိုးရောဂါရှိသူတွေအနေဖြင့် သွေးတွင်းရှိကိုလက်စထရောပမာဏများပြားနေပါက Beta blocker နှင့် ဆီးဆေး Diuretie ကို ပထမဦးစားပေးသွေးတိုးထိန်းဆေးအဖြစ် အသုံးမပြုသင့်ဘူးလို့ Cleverland Clinic Center for Cardiovascular Diagnostics and Prevention မှ ဒါရိုက်တာ Dr Stephen ကဆိုပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com