/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကုန်ကျစရိတ်နည်းနည်းနဲ့-ကျန်းမာရေးနဲ့ညီညွတ်အောင်-စားသောက်ကြမယ်

ကုန်ကျစရိတ်နည်းနည်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သင်ဟာ ဘတ်ဂျက်ချွေတာပြီး သုံးနေရသူဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ ရနိုင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါလိမ့်မယ်။

အပြင်ထွက်စားတာဟာ ကုန်ကျစရိတ်များတာကြောင့် အိမ်မှာပဲ ချက်ပြုတ်စားကြည့်ကြပါ။ အိမ်မှာ ကိုယ်တိုင်ချက်စားတာက ကိုယ်စားမယ့် အစားအသောက်ပမာဏကို ထိန်းချုပ်နိုင်သလို အာဟာရပြည့်စုံမျှတပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ရစေပါတယ်။

အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ ဈေးဝယ်ထွက်တဲ့အခါ ကုန်ကျစရိတ်သက်သာအောင် ဒီလိုနည်းလမ်းတွေကို စမ်းသုံးကြည့်ကြပါနော်။

၁။  ဈေးဝယ်စာရင်း ရေးထားပါ။

၂။  ဗိုက်ဆာနေချိန်မှာ ဈေးဝယ်ရင် တွေ့သမျှအကုန် စားချင်နေမှာဖြစ်လို့ ဈေးဝယ်မထွက်ခင်မှာ ဗိုက်ပြည့်အောင် အစာစားသွားပါ။

၃။  ကုန်တိုက်တွေမှာ ဝယ်မယ့်အစား ရပ်ကွက်ထဲက ဈေးမှာပဲ ဝယ်ပါ။

၄။  အထားခံတဲ့ပစ္စည်းတွေ (ဥပမာ - ဆန်၊ ဂျုံ၊ ဟင်းခတ်အမွှေးအကြိုင်) ကို ပမာဏ များများဝယ်ထားပါ။

၅။  ပရိုတင်းဓာတ်ကို အသားတွေအစား ဈေးချိုသာတဲ့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ အပင်အခြေခံပရိုတင်း စတာတွေကနေ ရယူပါ။

၆။  ရာသီပေါ်အစားအသောက်တွေကို ရွေးချယ်ဝယ်ယူပါ။

၇။  နာမည်ကြီးအမှတ်တံဆိပ်တွေအစား Generic brand ကိုပဲ ရွေးချယ်ဝယ်ယူပါ။

၈။  အသင့်စား အစားအသောက်တွေကို အတတ်နိုင်ဆုံး ဖြတ်ပါ။

ကျန်းမာရေးနဲ့အညီ စားသောက်တာဟာ ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ စိတ်ခံစားချက်ကောင်းမွန်ဖို့အတွက် မရှိမဖြစ် အရေးကြီးပါတယ်။ ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချနေရတဲ့ ဒီနေ့လိုခေတ်ကြီးမှာ ဒီနည်းလမ်းတွေနဲ့သာဆို ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ရလာမယ့်အပြင် အပိုငွေလည်း စုဆောင်းမိနိုင်ဦးမှာနော်။

www.drmyanmar.com