/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကော်ဖီချစ်သူများနှင့်-အသည်းခြောက်ရောဂါ

ကော်ဖီချစ်သူများနှင့် အသည်းခြောက်ရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကော်ဖီ သိပ်ကြိုက်ပြီး တစ်ရက်ကို နှစ်ခွက်ထက် ပိုပြီးသောက်သုံးတတ်သူတွေမှာ အသည်းခြောက်ရောဂါ ဖြစ်ပွားမှုနှုန်း ၄၄ ရာခိုင်နှုန်း လျော့ပါးသွားပါသတဲ့။

          ဒီထက်အံ့အားသင့်စရာက တစ်ရက်ကို သုံးလေးခွက်ထက် ပိုပြီးသောက်သုံးသူတွေမှာ အသည်းခြောက်နှုန်း ၆၅ ရာခိုင်နှုန်းထိ လျော့နည်းသွားနိုင်ပါတယ်။

 

>>    အသည်းခြောက်ရောဂါဆိုတာ ...

●        အကြောင်းတစ်ခုခု ရှိလာမယ်။ (အရက်စွဲတာ၊ အ၀လွန်တာ၊ အဆီဖုံးတာ၊ အသည်းပိုး၀င်တာ)

●        ကာလရှည်ကြာ အသည်း ဒဏ်ပိမယ်။

●        အမာရွတ်တွေ တည်လာမယ်။

●        အသည်း လုပ်ဆောင်အားတွေ ကျဆင်းလာမယ်။

          ဒီအချိန်မှာ လက်ရှိ တွေ့ရှိချက်က သုတေသီတွေကို အံ့သြသွားစေပြီး ကော်ဖီရဲ့အကျိုးအပြစ်တွေ လက်ရှိ တစ်ရက် ဘယ်နှစ်ခွက်သောက်သင့်တယ် ဆိုတာတွေကိုပါ ဆက်လက်သုတေသနလုပ်ဖို့ လိုအပ်နေတာကို ပြဆိုနေပါတယ်။

          တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း အလွန်အကျွံဆိုတာ ဘယ်ဟာမှ မကောင်းတဲ့အတွက် ကော်ဖီ သိပ်သောက်လွန်းရင် -

●        နှလုံးခုန် မြန်မယ်။

●        ကိုယ်ခံအား ကျဆင်းမယ်။

●        ကင်ဆာရောဂါတွေ ဖြစ်မယ်။

●        အိပ်မပျော်ဘူး။

          ဒါပေမဲ့ ကော်ဖီစွဲနေရင်တော့ သောက်သာ သောက်လိုက်ပါလို့ ပညာရှင်တွေက အကြံပြုကြပါတယ်။ ကော်ဖီဆိုတာ နောက်တစ်ဖက်ကကြည့်ရင်လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါနေလို့ ကိုယ်ခန္ဓာအတွက် အားဖြစ်နေပါတယ်။

          အလွန်အကျွံဆိုတာလည်း မကောင်းတဲ့အတွက် အသင့်အတင့်ပဲ သောက်သုံးခြင်းဖြင့် ဆိုးကျိုးတွေကိုပယ်လို့ သူ့ရဲ့ကောင်းကျိုးတွေကို အရယူလိုက်ကြရအောင် ကော်ဖီချစ်သူတို့ရေ ...။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)