/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကော်ဖီ-နောက်တစ်ခွက်-မသောက်ခင်-ဒါလေးသိထားဖို့-လိုတယ်နော်

ကော်ဖီ နောက်တစ်ခွက် မသောက်ခင် ဒါလေးသိထားဖို့ လိုတယ်နော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်နေ့တာကို ကော်ဖီပူပူလေးတစ်ခွက်နဲ့ လန်းလန်းဆန်းဆန်း နိုးထရတာလောက် ကောင်းတာမရှိပါဘူး။ မနက်စာနဲ့အတူ တွဲဖက်သောက်သုံးဖြစ်တဲ့ ကော်ဖီလေးတခွက်ပာာ သင့်ကို တက်ကြွတဲ့အင်အားတွေ ပေးစွမ်းနေပါတယ်။ ဒါပေမဲ့ ကော်ဖီကို အလွန်အကျွံကြိုက်တာတော့ မကောင်းဘူးတဲ့။ စိတ်ပူတတ် စိုးရိမ်တတ်တဲ့ စိတ်အခံရှိသူတွေမှာ ကော်ဖီတစ်ခွက်ပြီးတစ်ခွက် သောက်တာက ရင်တုန်တာကို ပိုဆိုးစေပြီး စိတ်သောက ပိုများလာစေနိုင်ပါတယ်လို့ စိတ်ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

          ဘဝမှာ စိတ်ဖိစီးမှုတွေ ကြုံနေရတဲ့အခါ အဆင်မပြေတာတွေ ရှိတဲ့အခါ ကော်ဖီကိုပဲ ဖျော်ဖျော်သောက်မိရင်တော့ စိတ်အခြေအနေ ပိုဆိုးလာဖို့ပဲ ရှိပါတယ်နော်။

          ကော်ဖီတစ်ခွက်မှာ အနည်းဆုံး ကဖိန်းဓာတ် ၁၀၀ မီလီဂရမ်ပါဝင်ပြီး ၃၅၀ ကနေ ၄၀၀ မီလီဂရမ် ထိရောက်သွားတဲ့အခါ လူကို အလွန်အကျွံ တက်ကြွလာစေတာက မကောင်းတဲ့နောက်ဆက်တွဲ ဖြစ်ပါတယ်။

          စာမေးပွဲဖြေနေတဲ့ ကျောင်းသူကျောင်းသားတွေ အလုပ်ဇောကပ်နေတဲ့ အစ်ကို အစ်မတွေ၊ စိတ်ဖိစီး အလုပ်ပိနေတဲ့ အိမ်ရှင်မတွေပာာ တစ်ရက်ကို သုံးလေးခွက်ကတော့ အနည်းဆုံး သောက်မိနေတာပါပဲ။

          ကော်ဖီက ကောင်းကျိုးတွေရှိသလောက် ကိုယ့်မှာစိတ်ဖိစီးမှု အခံတစ်ခုခု ရှိနေရင်တော့ သောက်ကို မသောက်သင့်တဲ့အထဲမှာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ကော်ဖီအစား သံပရာရည်ချိုချိုလေးတစ်ခွက် အသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်လေးတစ်ခွက်က သင့်ကို ပိုမိုကျန်းမာသက်ရှည်စေမှာ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံတွေရဲ့ စိတ်ဖိစီးမှု တွန်းလှန်နိုင်စွမ်းကိုတော့ အလေးထား ကျေးဇူးတင်ရမှာပါ။ စိတ်ညစ်စရာ အခံတစ်ခုခုရှိနေရင် ကော်ဖီထက် ပိုကောင်းတဲ့ စိတ်အခြေအနေကို ပေးစွမ်းတယ်လေ။

          ဒါ့အပြင်   ဒီလိုရောဂါတွေ ရှိသူတွေအတွက်ကတော့ စိတ်ဖိစီးနေတဲ့ အခြေအနေကလည်း ရှိနေပြီးသားဖြစ်နေရင် ကော်ဖီက တကယ့်ပြဿနာပါပဲ။

●        အသည်းရောဂါ

●        အတက်ရောဂါ

●        နှလုံးရောဂါ အထွေထွေ

●        လည်ပင်းကြီးရောဂါတွေနဲ့ အဲဒီလိုရောဂါတွေအတွက် သောက်သုံးရတဲ့ဆေးဝါးတွေပာာ ကော်ဖီထဲက ကဖိန်းဓာတ်နဲ့တွဲဖက်မိရင် အကျိုးဆက်ဆိုးဆိုးတွေ လာတတ်ပါတယ်။

          ကိုကာကိုလာ တစ်ခွက်မှာလည်း ကဖိန်း ၃၅ မီလီဂရမ်ပါဝင်ပြီး ကော်ဖီမစ်မှာလည်း ကဖိန်း မလွတ်ပါဘူး။ အာပာာရဖျော်ရည်တွေ အသင့်သောက်အချိုရည်တွေမှာ ကဖိန်းပါဝင်နေတတ်တာကိုလည်း အထူးသတိပြုသင့်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)