/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာတဲ့ဘဝကို-ပိုင်ဆိုင်နိုင်စေဖို့-မနက်စောစောမှာ

ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ မနက်စောစောမှာ ဒီအလေ့အကျင့်တွေကို မွေးမြူကြရအောင် ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မနက်မနက်ဆိုရင် နှိုးစက်ကို ပိတ်ပိတ်ပြီး ပြန်အိပ်လေ့ရှိသလား? အိပ်ရာနိုးတဲ့အချိန်မှာ အလုပ်ချိန် နောက်ကျနေလို့ မနက်စာကို ကမန်းကတမ်းစားပြီး အလုပ်ကို အသည်းအသန် သွားနေရပြီဆိုရင်တော့ ကျန်းမာတဲ့ဘဝကို ရနိုင်မှာ မဟုတ်ပါဘူးနော်။ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ချင်ရင်တော့ နှိုးစက်မြည်တာနဲ့ အိပ်ရာတန်းထပြီး အခုပြောပြပေးမယ့် နည်းလမ်း (၅) ချက်ကို မနက်တိုင်း လိုက်နာကျင့်သုံးကြည့်ကြဖို့ အကြံကောင်းလေး ပေးလိုက်ပါရစေ။

၁။ မနက်အိပ်ရာထတာနဲ့ ရေတစ်ဖန်ခွက် သောက်ပေးပါ။

၂။ ငါးမိနစ်လောက် အကြောလျှော့တာဖြစ်ဖြစ်၊ ယောဂလေ့ကျင့်ခန်းဖြစ်ဖြစ် လုပ်ပေးပါ။

၃။ မနက်စောစော လမ်းလျှောက်ထွက်ပါ။

၄။ ကိုယ်ကျေးဇူးတင်ရတဲ့၊ ကိုယ့်ကိုပျော်ရွှင်စေတဲ့ အကြောင်းအရာ (၅) ခုကို ချရေးပါ။

၅။ မနက်စာထဲမှာ ပရိုတင်းဓာတ်ပါဝင်အောင် စားသုံးပါ။

ဒီအချက်ငါးချက်ဟာ ရိုးရှင်းပေမယ့် ကိုယ်ကျန်းမာရေးကိုရော၊ စိတ်ကျန်းမာရေးကိုပါ အထောက်အကူပေးနေတာကြောင့် နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် ကျန်းမာတဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲနော်။

www.drmyanmar.com