/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာတဲ့ဘဝကို-ပိုင်ဆိုင်နိုင်ဖို့-ရိုးရှင်းတဲ့နည်းလမ်း-၇-သွယ်

ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း (၇) သွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အမေရိကန် နှလုံးရောဂါဆိုင်ရာအဖွဲ့က My Life Check လို့ခေါ်တဲ့အရာကို လူထုကို ကျန်းမာရေးကောင်းစေဖို့အတွက် အကောင်းဆုံး နေထိုင်နည်းတွေကို အသိပညာပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပုံစံဆွဲထားပါတယ်။ ဘယ်သူမဆို ဒီအချက်လေးတွေကို အလွယ်တကူ ပြောင်းလဲလိုက်နာနိုင်ပြီးတော့ အဆင့်တွေကလည်း ပိုက်ဆံအကုန်အကျ မများပါဘူး။ ဒီရိုးရှင်းတဲ့ အချက် (၇) ချက်ကို ပြောပြချင်ပါတယ်။

 

1.      ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ။

          နှလုံးသွေးကြောရောဂါတွေကို တိုက်ဖျက်နိုင်ဖို့အတွက် အကောင်းဆုံးသေ ာလက်နက်တစ်ခုကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်းပါ။

 

2.      လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေပါ။

          လှုပ်ရှားတက်ကြွစွာ နေထိုင်ခြင်းက ခန္ဓာကိုယ်အတွက် ပေးစွမ်းနိုင်တဲ့ အကောင်းဆုံးသောဆုလာဒ်ပါ။ နေ့စဉ်လှုပ်ရှားမှုရှိခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

 

3.      ကိုယ်အလေးချိန်ကို လျှော့ချပါ။

          ပိုနေတဲ့ကိုယ်အလေးချိန်တွေနဲ့ အဆီတွေကို လျှော့ချလိုက်ခြင်းက နှလုံး၊ အဆုတ်၊ သွေးကြောနဲ့ အရိုးငြမ်းအဖွဲ့အပေါ်မှာ ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျော့ကျစေပါတယ်။ လှုပ်ရှားတက်ကြွမှုရှိရင် သွေးတိုးလည်းကျ၊ လှလည်းလှပြီးတော့ နေလို့ထိုင်လို့လည်း ပိုကောင်းလာစေမှာပါ။

 

4.      ဆေးလိပ် မသောက်ပါနဲ့။

          ဆေးလိပ်သောက်တဲ့သူတွေမှာ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေတွေ အရမ်းကို မြင့်မားပါတယ်။ ဒါကြောင့် ဆေးလိပ် ဖြတ်လိုက်တာက ကိုယ့်ကျန်းမာအရေးအတွက် အကောင်းဆုံးသောလုပ်ရပ်ပါပဲ။

 

5.      သွေးတွင်းသကြားဓာတ်ကို လျှော့ချပါ။

          ကျွန်ုပ်တို့ စားလိုက်တဲ့ အစားအစာ အတော်များများက ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါမှာ စွမ်းအင်အဖြစ် ပြန်လည်အသုံးပြုနိုင်ဖို့အတွက် သကြားဓာတ်အဖြစ် ပြောင်းလဲသွားပါတယ်။ အချိန်ကြာလာတဲ့အခါမှာ သွေးတွင်းသကြားဓာတ် မြင့်မားမှုကြောင့် နှလုံး၊ ကျောက်ကပ်၊ မျက်လုံးနဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေပါတယ်။

 

6.      သွေးတွင်းကိုလက်စရောဓာတ်ကို ထိန်းပါ။

          သွေးတွင်းကိုလက်စရောများရင် သွေးကြောတွေထဲမှာ အနယ်တွေကျပြီးတော့ ပိတ်နိုင်သလို နှလုံးရောဂါနဲ့ လေဖြတ်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စရောဓာတ်ကို ထိန်းထားခြင်းက သွေးကြောတွေ မပိတ်စေဘဲ ရှင်းလင်းနေစေပါတယ်။

 

7.      သွေးပေါင်ချိန်ကို သေချာထိန်းညှိပါ။

          သွေးတိုးက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ချေများတဲ့ အဓိကအချက်ပါ။ သွေးပေါင်ချိန်ကို ကောင်းကောင်း ထိန်းထားနိုင်ရင် နှလုံး၊ သွေးလွှတ်ကြောတွေနဲ့ ကျောက်ကပ်တွေပေါ်မှာ ဝန်ပိတာ နည်းစေပြီးတော့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်စေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)