/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာရေးနဲ့အညီ-ဝိတ်ချကြမယ်

ကျန်းမာရေးနဲ့အညီ ဝိတ်ချကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစားလျှော့စားဖို့မလိုဘဲ ဝိတ်ကျမယ်ဆိုရင် စိတ်ဝင်စားကြရဲ့လား? ဝိတ်ချနေသူတွေအနေနဲ့ အစားနည်းနည်းပဲ စားတာတောင် ထင်သလောက် ဝိတ်မကျတာမျိုး၊ တစ်ခါတလေကျရင် ပိုလို့တောင် ဝိတ်တက်လာတာမျိုးကို ကြုံဖူးကြမှာပါ။ ဝိတ်တက်၊ မတက်ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအသောက်ပမာဏထက် ကယ်လိုရီပမာဏနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ မိမိတို့တွေဟာ ဝိတ်ချနေတယ်ဆိုရင်တော့ အစားလျှော့စားမယ့်အစား ကိုယ်စားမယ့် အစားအသောက်အမျိုးအစားတွေကို ပြောင်းလဲကြည့်ကြဖို့ အကြံပြုလိုပါတယ်။

●  ဆန်းဒဝစ်ချ်ကို အသားနဲ့ချိစ်များများထည့်ပြီး အာလူးကြော်နဲ့ တွဲစားမယ့်အစား ဆလပ်ရွက်၊ သခွားသီး၊ ခရမ်းချဉ်သီးတို့ကို များများထည့်ပြီး အသီးအရွက်သုပ် (သို့) အသီးအနှံတွေနဲ့ တွဲစားတာမျိုး
●  ဟင်းသီးဟင်းရွက်တွေကို ဆီနဲ့ကြော်မယ့်အစား ရေလုံပြုတ်စားတာ၊ မီးကင်စားတာမျိုး
●  အသားစွပ်ပြုတ်အစား ဟင်းသီးဟင်းရွက်စွပ်ပြုတ်
●  မလိုင်ပြည့်နွားနို့အစား အဆီထုတ်နွားနို့
●  အဆာပြေသရေစာအတွက်ဆို အသင့်စားမုန့်တွေအစား အခွံမာသီး၊ အသီးအနှံနဲ့ အဆီနည်းတဲ့ဒိန်ချဉ်
●  အချိုရည်နဲ့ အရက်ဘီယာတွေအစား ရိုးရိုးရေ၊ ဒါမှမဟုတ် sparkling water

ဒီလိုမျိုး ကယ်လိုရီများတဲ့ အစားအသောက်တွေကို ကယ်လိုရီနည်းတဲ့ အစားအသောက်တွေနဲ့ အစားထိုးစားသောက်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ဗိုက်လည်းပြည့်၊ လှလည်းလှလာမယ့်အပြင် ကျန်းမာရေးထိခိုက်မှာကိုလည်း စိတ်ပူစရာ မလိုတော့ပါဘူးနော်။

www.drmyanmar.com