ကျန်းမာရေးနှင့် အရပ်အနိမ့်အမြင့် ဆက်စပ်မှု
အရပ်ပုနေလို့ စိတ်မညစ်လိုက်ပါနဲ့။ အမျိူးသမီး တစ်သောင်းကျော်ကို ပြုလုပ်ခဲ့တဲ့ သုတေသနအရ အရပ်ပုတဲ့အမျိုးသမီးတွေက သားဥအိမ်ကင်ဆာ အဖြစ်နည်းပြီး အသက် ၅၀ ကနေ ၆၉ အတွင်း အရပ်ပုတဲ့ အမျိုးသားတွေကတော့ ဆီးကျိတ်ကင်ဆာ အဖြစ်နည်းကြပါတယ်။
● အရပ်မြင့်မြင့် သွယ်သွယ်လူတွေက ဆီးချိုအဖြစ်နည်းပြီး ပုပုဝဝတွေက ဆီးချိုအဖြစ်များကြပါတယ်။
● အရပ် ငါးပေသုံးလက်မအောက်ရှိသူတွေက နှလုံးသွေးကြောကျဉ်းရောဂါ အဖြစ်များပြီး ကလေးဘဝမှာ လုံလောက်တဲ့အာဟာရနဲ့ ဖွံဖြိုးမှုမရတာကို ပြသပါတယ်။
● အရပ်မြင့်မြင့်လူတွေက လေဖြတ်ဖို့ အခွင့်အလမ်း ပိုနည်းပါတယ်။ ပုသူတွေကတော့ ငယ်စဉ်က အရပ်ရှည်ဖို့ အာဟာရဓာတ်တွေ မပြည့်ဝခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။
● အရပ်ပုလေ ခြေသလုံး သွေးခဲတဲ့အခြေအနေရဖို့ ခဲယဉ်းလေပါပဲ။ အရပ်ငါးပေအောက်တွေက ခြေသလုံးသွေးခဲဖို့ အလားအလာ အလွန်နည်းပါတယ်။
● အရပ် ငါးပေဆယ့်တစ်လက်မအထက်တွေက အယ်လဇိုင်းမားရောဂါရဖို့ ၆၀ ရာခိုင်နှုန်း ပိုနည်းပါတယ်။
● အရပ်ငါးပေအောက်တွေ ကိုယ်ဝန်ဆောင်လေးတွေက မြန်မြန်ကိုယ်ဝန်ဆောင် လနီးတာနဲ့ မွေးကြပေမယ့် အရပ်မြင့်မြင့်လေးတွေကတော့ လအပြည့်အဝစေ့တဲ့အထိ ကြာကြာကိုယ်ဝန်ဆောင်ကြပါတယ်။
● အရပ်ပုလေ ထိပ်ပြောင်လေပါပဲ။ ဆံပင်ကျွတ်တာနဲ့ အရပ်ပုတာက ဆက်စပ်လျက်ရှိပါတယ်။
● အရပ်ပုသူတွေက အသက်ပိုရှည်ကြပါတယ်။ နောက်ပြီး နာတာရှည်ရောဂါတွေအဖြစ် နည်းကြပါသတဲ့။
● အရပ်ရှည်သူတွေက ပုသူတွေလောက် အပူဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ တစ်ဖက်ကကြည့်ရင်လည်း ဆောင်းတွင်းကျရင် သိပ်အေးတယ်လို့ မခံစားရဘဲ အအေးကြိုက်ကြပါတယ်။
● အရပ်ပုလေ နောက်ကျောတက်တာ ခါးနာတာ အဖြစ်နည်းလေပါ။ ဒါ့အပြင် ပုသူတွေ ထိခိုက်မိတဲ့အခါ တင်ပဆုံရိုးကျိုးတာ အဖြစ်နည်းကြပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























