/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာရေးအတွက်-ပြောင်းဖူးစားပေးသင့်

ကျန်းမာရေးအတွက် ပြောင်းဖူးစားပေးသင့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လူကြီး၊ လူငယ်မရွေး နှစ်ခြိုက်စွာစားသုံးကြတဲ့ ပြောင်းဖူးဟာ အရသာရှိတဲ့အပြင် ခန္ဓာကိုယ် အတွက်လိုအပ်သော ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်၀စွာပါ၀င်နေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ပြောင်းဖူးကိုကျန်းမာရေးလိုအပ်ချက်တစ်ခုအနေနဲ့ စားသုံးပေးသင့်ပါတယ်။ ပြောင်းဖူးစားသုံးခြင်းဖြင့် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးကို ရရှိနိုင်လဲဆိုတာလေ့လာလိုက်ကြရအောင်။

 

1.    အစာခြေစနစ်ကို အထောက်အကူပြုပေးနိုင်ခြင်း

        ပြောင်းဖူးမှာအမျှင်ဓာတ်ကြွယ်၀စွာပါ၀င်တာကြောင့် ၀မ်းလျှောခြင်း၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်းမှ အခွင့်အလမ်းနည်းပါးစေပါတယ်။ ၀မ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါ၊ အူမကြီးကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

2.    သွေးအားနည်းရောဂါအား ကုသပေးနိုင်ခြင်း

        ပြောင်းဖူးမှာဗီတာမင် B12 ၊ ဖောလစ်အက်ဆစ်၊ သံဓာတ်တွေပါ၀င်တာကြောင့် သွေးအားနည်းရောဂါအတွက် အထူးကောင်းမွန်ပါတယ်။

3.    စွမ်းအင်တိုးစေခြင်း

        ပြောင်းဖူးတစ်ပန်းကန်စားသုံးခြင်းဖြင့် ကာဗိုဟိုက်ဒရိတ် 29 ဂရမ်ရရှိစေနိုင်တာကြောင့် အားကစားသမားတွေအနေနဲ့ စွမ်းရည်တိုးစေဖို့စားသုံးပေးသင့်ပါတယ။် အားကစားလုပ်နေချိန်တွင် စွမ်းအင်တွေလျော့မသွားစေရန်အတွက် လှုပ်ရှားမှုမစခင် နှစ်နာရီအလိုမှာ ပြောင်းဖူးစားပေးသင့်ပါတယ်။

4.    ကိုလက်စထရောကျစေခြင်း

       ပြောင်းဖူးမှာဗီတာမင်စီ၊ ကယ်ရိုတီးနွိုက်၊ ဘိုင်အိုဖလေဗိုနွိုက်တို့ ကြွယ်၀စွာပါ၀င်တာကြောင့် ကိုလက်စထရောအဆင့်ကိုထိန်းညှိပေးပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ သွေးစီးဆင်းမှုကောင်းစေပြီး မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။

 5.    ခန္ဓာကိုယ်ဖွံ့ဖြိုးစေခြင်း

        ပြောင်းဖူးမှာကျန်းမာရေးနဲ့ညီညွတ်တဲ့ ကစီဓာတ်၊ ကယ်လိုရီတွေ ပြည့်၀တာကြောင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေနိုင်ပါတယ်။

6.    ဆီးချို၊ သွေးတိုးရောဂါ ကာကွယ်ပေးနိုင်ခြင်း

       ပြောင်းဖူးစားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ချေဖျက်ပေးနိုင်တဲ့ အင်ဆူလင်ဟော်မုန်း ထုတ်ပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး သွေးဖိအားပုံမှန်ဖြစ်စေ တာကြောင့် သွေးတိုးရောဂါဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါတယ်။

7.    အရိုးအကြောသန်မာခြင်း

       အရိုးအကြောကျန်းမာရေးအတွက် လို်အပ်တဲ့ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ကော့ပါး၊ ဖော့စဖရတ် စတဲ့သတ္တုဓာတ်များပါ၀င်တာကြောင့် အရိုးတွေကိုသန်မာစေပါတယ်။ တစ်နေ့တာအတွက်လိုအပ်တဲ့ မန်ဂနိ 12 ရာခိုင်နှုန်းကို ပြောင်းဖူးတစ်ပန်းကန်စားသုံးရုံနဲ့ ရရှိနိုင်ပါတယ်။

8.    အမြင်အာရုံကောင်းစေခြင်း

       ပြောင်းဖူးမှာပါ၀င်တဲ့ ဘီတာကယ်ရိုတင်းဓာတ်ဟာ မျက်စိကျန်းမာရေးအတွက်လိုအပ်တဲ့ ဗီတာမင်အေကို ထုတ်ပေးနိုင်တာကြောင့် အမြင်အာရုံကိုပိုမိုကောင်းမွန်စေပါတယ်။

9.    ကင်ဆာရောဂါကာကွယ်ပေးခြင်း

        အင်တီအောက်ဆီးဒင့်ပါ၀င်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းများကို တိုက်ထုတ်နိုင်ပါတယ်။

10.   ကိုယ်၀န်ဆောင်များအတွက် အကျိုးပြုနိုင်ခြင်း

       ကိုယ်၀န်ဆောင်မိခင်များတွင် ဖောလစ်အက်ဆစ်ဓာတ်ချို့တဲ့ပါက ကလေးငယ်တွင် ကျောရိုးမကြီးကောင်းစွာ မဖွံ့ဖြိုးသောရောဂါဖြစ်စေနိုင်တဲ့အပြင် ပေါင်မပြည့်သော ကလေးငယ်မွေးဖွားလာစေနိုင်ပါတယ်။ ဒါကြောင့် ဖောလစ်အက်ဆစ်ကြွယ်၀တဲ့ ပြောင်းဖူးကို ကိုယ်၀န်ဆောင်မိခင်များစားသင့်ပါတယ်။

11.   နှလုံးရောဂါကာကွယ်ပေးခြင်း

       ပြောင်းဖူးဆီကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းကောင်းတဲ့ ကိုလက်စထရောတွေသာ ဖြစ်တည်စေနိုင်တာကြောင့် နှလုံးရောဂါ၊ လေဖြတ်ရောဂါအန္တရာယ်တို့မှ ကင်းေ၀းစေနိုင်ပါတယ်။

12.   အယ်ဇိုင်းမားရောဂါကာကွယ်ပေးခြင်း

       ပြောင်းဖူးစားသုံးခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးနိုင်တာကြောင့် ထိုးထွင်းသိမြင်မှုဆိုင်ရာ စွမ်းရည်မြင့်မားစေပြီး အယ်ဇိုင်းမားရောဂါဖြစ်ခြင်းမှ တားဆီးပေးပါတယ်။

13.   အသားအရေပျက်စီးမှုကို ကာကွယ်ပေးခြင်း

       အရေပြားကျန်းမာရေးအတွက်လိုအပ်တဲ့ ဗီတာမင် A အပြင် ဗီတာမင် C၊ လိုင်ကိုပင်း ပါ၀င်မှုကြောင့် နေရောင်ခြည်ကြောင့်ဖြစ်စေတဲ့ အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရေချောမွေ့စေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို များစွာအထောက်အကူပြုပေးနိုင်ပါတယ်။

14.   ဆံကေသာအလှကို ပေးစွမ်းနိုင်ခြင်း

       ပြောင်းဆီဟာဗီတာမင် E ကဲ့သို့ အစွမ်းအာနိသင်ရှိတာကြောင့် ဆံသားခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ကယ်လဆီယမ်စုပ်ယူမှုအားကောင်းစေတာကြောင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ပြောင်းဆီကိုအပူပေးကာ အအေးခံပြီးနောက် ဦးရေပြားကိုနှိပ်နှယ်ပါ။ 15 မိနစ်ကြာခန့်ထားပြီးနောက် ခေါင်းလျှော်ရည်နဲ့လျှော်ပေးပါ က နူးညံ့စိုပြေသော ဆံကေသာအလှကိုပိုင်ဆိုင်နိုင်မှာပါ။

 

 

Mg HlaingThwin

www.drmyanmar.com