/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာရေးအတွက်-သိထားသင့်သောအချက်များ

ကျန်းမာရေးအတွက် သိထားသင့်သောအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နိုင်စေဖို့
1.    နေ့တိုင်း အလုပ်မသွားခင်မှာ ကိုယ့်ရဲ့ ခင်ပွန်း (သို့) ဇနီးကို ပွေ့ဖက်ပါ။ FA တွေဆိုရင်လည်း ကိုယ့်ရဲ့မိဘကို ပွေ့ဖက်နှုတ်ဆက်ပြီးမှ သွားပါ။
2.    စိတ်ညစ်နေရင် လှိုက်လှိုက်လှဲလှဲ ငိုလိုက်ပါ။ ဒါက ကိုယ်ခံအားစနစ်ကို အားကောင်းစေကာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းထွက်တာကို အားနည်းသွားစေပြီး စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးနိုင်တဲ့အပြင် အတွေးတွေကို ရှင်းလင်းပြတ်သားစေနိုင်ပါတယ်။
3.    စိတ်ဖိစီးမှုကို လျော့နည်းစေရန် ဗီတာမင် B၊ ဗီတာမင် C ပါသော Enervon-C လို အားဆေးတစ်မျိုးမျိုးကို သောက်သုံးပေးပါ။
4.    တစ်နေ့ကို နှစ်ကြိမ် တစ်ခါကို ၃-၅ မိနစ်ခန့် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပေးပါ။
5.    အစားအသောက်ကို နပ်မှန်အောင် စားပါ။ အထူးသဖြင့် မနက်စာကို စားဖြစ်အောင် စားပါ။

Enervon-C Adult 1

>>    ကောင်းကောင်းအိပ်ပျော်စေဖို့
1.    တစ်ပတ်ကို 1-2 ခါ ခေါင်းအုံးစွပ်တွေ၊ အိပ်ရာခင်းတွေကို လျှော်ဖွပ်ပါ။
2.    ခေါင်းအေးစေတဲ့ အသားတွေပါတဲ့ ခေါင်းအုံးမျိုးကို ရွေးချယ်ဝယ်ယူပါ။
3.    အိပ်ခါနီး Phone တွေ၊ TV တွေ မကြည့်ပါနဲ့။
4.    အကောင်းဆုံးက အိပ်ခါနီး တရားထိုင်ပါ။ မထိုင်ဖြစ်ရင်လည်း ဘုရားရှိခိုးပါ။
5.    အိပ်ရာမဝင်မီမှာ သစ်ကြားသီး လက်တစ်ဆုပ်ခန့် စားပေးခြင်းဖြင့် အမျှင်ဓာတ်နဲ့ လိုအပ်တဲ့ fatty acid တွေကို ရရှိစေရုံသာမက အိပ်စက်ခြင်းကို အားပေးတဲ့ tryptophan ဆိုတဲ့ ဓာတ်တစ်မျိုးကိုပါ ရရှိစေနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Enervon-C Adult 2

(Zawgyi)

>>    စိတ္ဖိစီးမႈေတြကို ထိန္းခ်ဳပ္ႏိုင္ေစဖို႔
1.    ေန႔တိုင္း အလုပ္မသြားခင္မွာ ကိုယ့္ရဲ႕ ခင္ပြန္း (သို႔) ဇနီးကို ေပြ႕ဖက္ပါ။ FA ေတြဆိုရင္လည္း ကိုယ့္ရဲ႕မိဘကို ေပြ႕ဖက္ႏႈတ္ဆက္ၿပီးမွ သြားပါ။
2.    စိတ္ညစ္ေနရင္ လႈိက္လႈိက္လွဲလွဲ ငိုလိုက္ပါ။ ဒါက ကိုယ္ခံအားစနစ္ကို အားေကာင္းေစကာ စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းထြက္တာကို အားနည္းသြားေစၿပီး စိတ္ဖိစီးမႈကို ေျဖေဖ်ာက္ေပးႏိုင္တဲ့အျပင္ အေတြးေတြကို ရွင္းလင္းျပတ္သားေစႏိုင္ပါတယ္။
3.    စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစရန္ ဗီတာမင္ B၊ ဗီတာမင္ C ပါေသာ Enervon-C လို အားေဆးတစ္မ်ိဳးမ်ိဳးကို ေသာက္သုံးေပးပါ။
4.    တစ္ေန႔ကို ႏွစ္ႀကိမ္ တစ္ခါကို ၃-၅ မိနစ္ခန႔္ အသက္ျပင္းျပင္း ႐ွဴသြင္း႐ွဴထုတ္လုပ္ေပးပါ။
5.    အစားအေသာက္ကို နပ္မွန္ေအာင္ စားပါ။ အထူးသျဖင့္ မနက္စာကို စားျဖစ္ေအာင္ စားပါ။

>>    ေကာင္းေကာင္းအိပ္ေပ်ာ္ေစဖို႔
1.    တစ္ပတ္ကို 1-2 ခါ ေခါင္းအုံးစြပ္ေတြ၊ အိပ္ရာခင္းေတြကို ေလွ်ာ္ဖြပ္ပါ။
2.    ေခါင္းေအးေစတဲ့ အသားေတြပါတဲ့ ေခါင္းအုံးမ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူပါ။
3.    အိပ္ခါနီး Phone ေတြ၊ TV ေတြ မၾကည့္ပါနဲ႔။
4.    အေကာင္းဆုံးက အိပ္ခါနီး တရားထိုင္ပါ။ မထိုင္ျဖစ္ရင္လည္း ဘုရားရွိခိုးပါ။
5.    အိပ္ရာမဝင္မီမွာ သစ္ၾကားသီး လက္တစ္ဆုပ္ခန႔္ စားေပးျခင္းျဖင့္ အမွ်င္ဓာတ္နဲ႔ လိုအပ္တဲ့ fatty acid ေတြကို ရရွိေစ႐ုံသာမက အိပ္စက္ျခင္းကို အားေပးတဲ့ tryptophan ဆိုတဲ့ ဓာတ္တစ္မ်ိဳးကိုပါ ရရွိေစႏိုင္ပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)