/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာရေး-မကောင်းဘူးလို့-အရေးတကြီး-ညွှန်ပြနေတဲ့အချက်တွေ

ကျန်းမာရေး မကောင်းဘူးလို့ အရေးတကြီး ညွှန်ပြနေတဲ့အချက်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မှန်ကြည့်ရင်းနဲ့ မိမိကိုယ်မိမိ အလွယ်တကူ သတိပြုမိနိုင်တဲ့အချက်တွေက သင့်ရဲ့ကျန်းမာရေး အခြေအနေကို ညွှန်ပြပေးနိုင်ပါတယ်။

          နေရင်းထိုင်ရင်း တစ်ခုခုများ မှားနေမလားလို့ အသိနဲ့သတိ ယှဉ်တွဲလို့ လိုအပ်သလို ပြသစစ်ဆေးနိုင်ဖို့ ဒါလေးတွေကို မှတ်သားထားကြရအောင်။

●        မျက်နှာတစ်ခြမ်းနဲ့တစ်ခြမ်း မညီဘဲ တစ်ဖက်ကို စောင်းနေတယ်ထင်ခဲ့ရင် ဆရာဝန်ကို ပြသစစ်ဆေးကြဖို့ အကြံပြုပါတယ်နော်။ ကိုယ်သတိမထားမိတဲ့ အာရုံကြောရောဂါတွေ ဖြစ်နေတတ်လို့ပါ။

●        နှုတ်ခမ်းလေးတွေခြောက်နေရင် ရေဓာတ်ခြောက်ခမ်းနေလို့အပြင် လည်ပင်းကြီးအကျိတ်ရောဂါနဲ့ သက်ဆိုင်တဲ့ရောဂါတွေ ရှိနေတတ်ပါတယ်။

●        မျက်နှာပေါ်မှာ အမွေးအမျှင်တွေ ထူထပ်လာတာ၊ များလာတာတွေ ရှိတဲ့အခါ ဟော်မုန်းရောဂါတစ်ခုခု ဖြစ်နေတတ်တာမို့ သားဥအိမ်ကို အာထရာဆောင်း ရိုက်ပြီး စစ်ဆေးပါ။ အကျိတ်တွေတည်နေတဲ့ ဟော်မုန်းမညီမျှ သားဥအိမ်ရောဂါတစ်ခုခု ရှိနေတတ်လို့ပါ။

●        မျက်လုံးအိမ်အောက်မှာ မျက်ရည်အိတ်တွေ ဖောင်းနေတာ၊ တွဲကျနေတာတွေရှိခဲ့ရင် မလှမပဖြစ်စေတဲ့အပြင် တခြားပြင်းထန်ဓာတ်မတည့် အရေပြားရောဂါတွေ ရှိနေတတ်ပါတယ်ဆိုတာ သတိပြုကြပါနော်။

●        ဖြူလျော်နေတဲ့အသားအရေဟာ သင့်ကို နေမကောင်းတာအပြင် သွေးနီဥအားနည်း သွေးရောဂါတွေ ဖြစ်နေတတ်တာမို့ ဖြူဖတ်ဖြူလျော်ထင်တယ်လို့ တခြားတစ်ယောက်ကပြောရင် သွေးစစ်ကြည့်စေလိုပါတယ်။

●        ကိုယ်ပေါ်နဲ့ မျက်နှာပေါ်မှာ အကွက်တွေ ပေါ်နေတာတွေ အနီစက်တွေရှိရင် အူရောင် ဓာတ်မတည့်ရောဂါအပြင် တခြားကိုယ်ခံအားလွန်ရောဂါတွေ ဖြစ်နေတတ်ပါတယ်နော်။

●        မှဲ့လေးကြောင့် အလှပိုသွားသူ ပျိုမေတွေရှိပေမယ့် အသစ်ပေါ်လာတဲ့ မှဲ့အသစ်တွေဟာ အရောင်ပြောင်းတာ ဘေးနှုတ်ခမ်းတွေ ကြွလာတာ၊ သွေးယိုတာ၊ ယားယံတာတွေ ရှိလာခဲ့ရင် စစ်ဆေးပြသဖို့ လိုလာပါပြီ။

●        သိပ်စိတ်ဖိစီးမှု များသူတွေမှာ အလိုလိုနေရင်း ဆံပင်ကျွတ်လာတတ်သလို ကိုယ်ခံအားလွန် ရောဂါတစ်မျိုးမျိုးလည်း ဖြစ်နေတတ်တာမို့ ဆံပင်တွေ အများကြီးကျွတ်နေရင် တစ်ခုခုတော့ မှားနေပြီလို့ သတိထားကြဖို့ပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)