/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျယ်လောင်တဲ့သီချင်းသံတွေက-အကြားအာရုံကို-ထိခိုက်စေနိုင်သလား

ကျယ်လောင်တဲ့သီချင်းသံတွေက အကြားအာရုံကို ထိခိုက်စေနိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကျယ်လောင်တဲ့ဆူညံသံ (သီးချင်းသံဖြစ်စေ၊  စက်သံ/အင်ဂျင်သံ ဖြစ်စေ) တွေဟာ ယာယီ (သို့) အမြဲတမ်းအကြားအာရုံကို ချို့ယွင်းစေနိုင်ပါတယ်။

          ဘေးပတ်ဝန်းကျင်က အသံတွေဆူညံနေပါက အော်ပြီး ပြောရတာကြောင့် နားအတွင်းရှိ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆူညံသံအကျယ်ကြီးကိုကြားလိုက်ရတာကြောင့် ယာယီ နားမကြားတာဖြစ်နိုင်ပြီး ထိုခဏတာအတွင်း အခြားသူများနည်းတူ ကြားနိုင်စွမ်းမရှိတော့ပေ။ ဒါပေမယ့် ခဏတာ ဆူညံတာဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ ယာယီနားအကြားအာရုံချို့ယွင်းသွားပေမယ့် ဆူညံသံတွေ ပျောက်သွားပြီးနောက်ပိုင်းမှာ သူ့ဘာသာ အလိုအလျောက်ပြန်ကောင်းလာပါ လိမ့်မယ်။ နောက်တစ်ခါ အဲလိုဆူညံသံမျိုး အနီးတဝိုက်မှာရှိနေပါက အကာအကွယ်တွေဝတ်ဆင်ခြင်းဖြင့် အမြဲတမ်းအကြားအာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်ပါတယ်။

          တစ်ခါတစ်ရံမှာလည်း အသံကျယ်ကျယ်တွေကြောင့် နားအူတာကိုလည်း ခံစားရနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့အချက်ကတော့ ကျယ်လောင်တဲ့အသံ (သို့) သီးချင်းသံကို ထပ်ခါထပ်ခါနားထောင်ပါက အမြဲတမ်းအကြားအာရုံ ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးလုပ်သားတွေနဲ့ စက်ရုံအလုပ်သမားတွေဟာ နားအကာအကွယ် ပစ္စည်းတွေကို ဝတ်ဆင်သင့်ပါတယ်။ လယ်ထွန်စက်နဲ့ လွှဖြတ်စက်ကဲ့သို့ပစ္စည်းမျိုးတွေဟာ လူတွေရဲ့အကြားအာရုံကိုထိခိုက်စေနိုင်တဲ့ ဆူညံသံမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒီလို ဆူညံသံမျိုးကြောင့် နားအူတာကိုလည်း စဉ်ဆက်မပြတ်ဖြစ်နေစေပါတယ်။

          သီးချင်းသံကျယ်ကျယ်ကို အကြာကြီးနားထောင်ခြင်း (အထူးသဖြင့် နားကြပ်တပ်၍ နားထောင်ခြင်း) ကလည်း တူညီတဲ့ဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် နားကြပ်နဲ့သီချင်းနားထောင်တဲ့အခါမှာ အသံကိုတတ်နိုင်သမျှလျှော့ထားပါ။ ထို့ပြင် နားကြပ်ဖြင့်သီးချင်းနာထောင်ခြင်းကို ဆက်တိုက်မလုပ်မိစေဖို့လဲ ဂရုစိုက်ပေးပါ။

 

Dr. Thinzar Wynn

www.drmyanmar.com