ကျောက်ကပ်မကောင်းတော့ဘူးဆိုတာကို သိနိုင်တဲ့ရောဂါလက္ခဏာများ
အချို့သူတွေမှာ ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်တဲ့အတွက် ရောဂါေ၀ဒနာတွေကို ခံစားရတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ ဘာလက္ခဏာမှ မပြတာလည်း ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ -
• ဆီး နည်းလာခြင်း
• ကျောက်ကပ်မှ အရည်တွေကို ကောင်းစွာ မစွန့်ထုတ်နိုင်တဲ့အတွက် အရည်များ စုပုံလာကာ ခြေထောက်၊ ခြေကျင်း၀တ်နဲ့ ခြေဖမိုးများ ရောင်လာခြင်း
• အကြောင်းအရင်း ရှာမရဘဲ အသက်ရှူမ၀ခြင်း
• အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ မူးေ၀ခြင်း
• အဆက်မပြတ် ပျို့နေခြင်း
• စိတ်အာရံတွေ ထွေပြားခြင်း
• ရင်ဘတ်အောင့်ခြင်း
• တက်ခြင်း
• သတိလစ်ခြင်း တို့ ဖြစ်ကြပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























