/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်ရောဂါနဲ့-မတည့်တဲ့အသီးတွေက-ဘာတွေလဲ

ကျောက်ကပ်ရောဂါနဲ့ မတည့်တဲ့အသီးတွေက ဘာတွေလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကျောက်ကပ်ရောဂါ ခံစားနေရတာပဲဖြစ်ဖြစ်၊ ကျောက်ကပ် အားနည်း ထိခိုက်နေတာပဲဖြစ်ဖြစ်  ဒဏ်ဖြစ်ပြီးသားနေရာတစ်ခုကို ထပ်ပြီး ဝန်မပိစေဖို့ ဒါလေးတွေ ရှောင်ပေးရပါမယ်။

          ကျောက်ကပ်ရောဂါရှိရင် ဒီအသီးတွေက သင့်တော်တဲ့အာဟာရ မဖြစ်နိုင်တော့ပါဘူး။

•        လူအများစုရဲ့အကြိုက် ထောပတ်သီးဟာ အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်လို့ ပေါ်ပြူလာအစားအစာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ထိနေသူအတွက်ကျ အလွန်အန္တရာယ်များတဲ့ အစားအစာပါတဲ့။ ပိုတက်စီယမ်ဓာတ် မြင့်မားစွာ ပါဝင်နေလို့ ရှောင်ကို ရှောင်ရမယ်အထဲမှာ ပါသွားပါပြီ။

•        ဆန်လုံးညိုမှာ ပိုတက်စီယမ် ဖော့စဖရပ်ဓာတ်တွေ ပါဝင်ပြီး  ကျောက်ကပ်အတွက် သင့်တော်တဲ့ အစားအစာလို့ မဆိုနိုင်ပါဘူး။

•        ငှက်ပျောသီးတစ်လုံးမှာ ပါဝင်တဲ့  ပိုတက်ဆီယမ်ပမာဏ မြင့်မြင့်မားမားကြောင့်ပဲ ငှက်ပျောသီးဟာ ကျောက်ကပ်ရောဂါ ခံစားနေရသူအတွက် ရှောင်ကို ရှောင်သင့်တဲ့အသီး ဖြစ်သွားစေတာပါ။

•        လိမေ္မာ်ရည်နဲ့ လိမေ္မာ်သီးမှာ ခန္ဓာကိုယ်အတွက်ကောင်းတဲ့ ဗီတာမင်စီတွေ ကြွယ်ဝပေမယ့် တစ်ဆက်တည်းမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် အဆင်မပြေပြန်ပါဘူး။

•        နာမည်ကျော် မက်မွန်သီးမှာ ဗီတာမင်အေ၊ စီနဲ့ အမျှင်ဓာတ်တွေ ပါဝင်ပေမယ့် ပိုတက်ဆီယမ်ကြောင့် မက်မွန်သီးကို အခြောက်ရော၊ အစိုရော ယိုထိုးထားတာရော စားလို့မရပါဘူး။

•        အာလူးမှာ ပိုတက်ဆီယမ် မြင့်မားပါတယ်။ မချက်ခင် ရေထဲမှာ အကြာကြီး စိမ်ထားတဲ့အခါ ပိုတက်ဆီယမ်ပမာဏ သိသိသာသာ လျော့သွားတာကို တွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ လုံးဝအန္တရာယ်ကင်းတဲ့ အစာလို့တော့ မဆိုနိုင်ပြန်ပါဘူး။

•        ကန်ဇွန်းဥဟာလည်း ပိုတက်ဆီယမ်ဓာတ် များတဲ့အစာပါပဲ။ ကျောက်ကပ်ဖြစ်နေပြီရင် ကန်ဇွန်းဥကို ရှောင်လေ ကောင်းလေပါပဲ။

•        ခရမ်းချဉ်သီးတွေမှာ ဆော့ပဲဖြစ်ဖြစ် အစိမ်းပဲစားစား၊ ချက်ချက် ပိုတက်ဆီယမ် မြင့်မြင့်မားမား ပါဝင်နေဦးမှာပါပဲ။ ဒါကြောင့် ရှောင်ဖို့သာ ဖြစ်ပါတယ်။

          အချုပ်အားဖြင့် ဆိုရရင် ကျောက်ကပ်ဝေဒနာ ခံစားနေရပြီ ဆိုလို့ကတော့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ဖော့ဖရပ်ဓာတ်တို့ကို ထိထိရောက်ရောက် လျှော့ချစားသုံးဖို့ လိုအပ်လာပါတယ်။

          အပေါ်က ဖော်ပြထားတဲ့ အသီးအနှံတွေက အဲဒီဓာတ်တွေ မြင့်မားတာကြောင့် ကျောက်ကပ်ရောဂါ ခံစားနေရသူတွေနဲ့ မသင့်တော်တာ ဖြစ်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန် တိတိကျကျကိုတော့ အာဟာရ ကျွမ်းကျင်သူနဲ့ တိုင်ပင်မေးမြန်းကြဖို့ အကြံပြုပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)