/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်-ပျက်စီးစေတဲ့-အကြောင်းရင်းများ

ကျောက်ကပ် ပျက်စီးစေတဲ့ အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခန္ဓာကိုယ်က အညစ်အကြေးတွေ အဆိပ်အတောက်တွေကို သန့်စင်ပေးနေတဲ့ ကျောက်ကပ်လေး မကျန်းမမာဖြစ်ရတာ ဘာကြောင့်များလဲ။

          ကျောက်ကပ်ကလည်း လူလိုပဲ အာဟာရ အမြဲလိုပါတယ်။ သွေးအာဟာရ ပုံမှန်ရောက်မှ သူလည်း သူ့လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်နိုင်တာပါ။

●        နှလုံးညှစ်အား နည်းမယ်။

●        အသည်း မကောင်းဘူး။

●        ဝမ်းအကြီးအကျယ် လျှောမယ်။

●        မီးလောင်နာ ဖြစ်မယ်။

●        ဓာတ်မတည့်တာတွေ ဖြစ်မယ်။

●        အပြင်းအထန်ဖျားပြီး သွေးဆိပ်တက်တာ။

          ဒါတွေက ကျောက်ကပ်ကို သွေးအရောက် သိသိသာသာ နည်းသွားစေပါတယ်။

          ဆီးချို၊ သွေးတိုးရောဂါတွေကလည်း သွေးအရောက်ကို ထိခိုက်စေတဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပါတယ်။

          တခြားအကြောင်းတွေကတော့ -

●        ကျောက်ကပ်မှာ ပိုးဝင်တာ

●        သွေးခဲတာ

●        ဓာတုအဆိပ်သင့်တာ

●        အရက်သောက်တာ

●        ဆေးလွန်ကဲတာ

●        ကိုယ်ခံအားလွန်ရောဂါ

●        သွေးဆဲလ်တွေ မူမမှန်ရောဂါ

●        အရေပြားရောဂါ

●        သွေးခဲလေးတွေဖြစ်စေတဲ့ သွေးခဲလွန်ရောဂါ

●        ကင်ဆာကုတဲ့ဆေးတွေ ဖြစ်ပါတယ်။

          ဒါတွေကြောင့်လည်း လတ်တလောကနေ နာတာရှည် ကျောက်ကပ်ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်က တကယ်တော့ တော်တော်မာတဲ့အဂါၤပါ။ တော်ရုံလည်း ရောဂါဖြစ်လေ့မရှိပါဘူး။ ဒါပေမဲ့ အခြေအနေပေါ် မူတည်ပြီး အကြောင်းကြောင်းကြောင့် သူ့မှာလည်း ပျက်စီးထိခိုက်ရတတ်ပါတယ်။

          သွေးထွက်လွန်တာ၊ ကျောက်ကပ် သွေးကြောပိတ်တာ၊ ကျောက်ကပ်ရောင်ရောဂါတွေကလည်း ကျောက်ကပ်ကို မြန်မြန်ပျက်စေပါတယ်။

          ဆီးနဲ့ပတ်သက်တဲ့ ဆီးလမ်းကြောင်းရောဂါ တချို့ကလည်း ကျောက်ကပ်ကို ထိခိုက်စေပါတယ်။

●        ကျောက်ကပ် ကျောက်တည်ခြင်း

●        ဆီးကျောက်တည်ခြင်း

●        ဆီးကျိတ်ကြီးခြင်း

●        ဆီးအိမ်ကိုသွားတဲ့ အာရုံကြောတွေ ပျက်စီးခြင်း စတာတွေ ဖြစ်ပါတယ်။

          ဒီတော့ ကျောက်ကပ် ပျက်စီးစေတဲ့ရောဂါတွေ အနေအထားတွေကို သတိပြုမိတဲ့အခါ မိမိကျောက်ကပ်ကို ဘယ်လောက် ကာကွယ်ထိန်းသိမ်းဖို့ လိုပြီဆိုတာ သိကြပါပြီ။

          ဒါကြောင့် ဆေးစစ်ကြပါ။ ကျောက်ကပ် ကောင်း၊ မကောင်း စစ်ကြပါ၊ လိုအပ်ချက်တစ်ခုခုရှိရင် အမြန်ကုသမှု ယူကြပါ။ တန်ဖိုးကြီး ကျောက်ကပ်နှစ်ခုကို အပေါ်က အကြောင်းတွေကြောင့် အပျက်စီးမခံပါနဲ့လို့ အကြံပြုပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)