/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောရိုးမကျဉ်းခြင်းနှင့်-အာရုံကြောညပ်ခြင်း

ကျောရိုးမကျဉ်းခြင်းနှင့် အာရုံကြောညပ်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      ကျောရိုးမဆိုတာက ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်အပေါ်ပိုငး်တည်ငြိမ်မှုရှိစေဖို့အတွက်ထောက်ပံ့ပေးထားတဲ့ အရိုးတိုင်ကြီးဖြစ်ပြီးတော့ ခန္ဓာကိုယ်လိန်နိုင်ဖို့လှည့်နိုင်ဖို့လည်းကူညီပေးပါတယ်။ ဒီကျောရိုးဆစ်တွေရဲ့အပေါက်တွေထဲမှာ ကျောရီုးမအာရုံကြောတွေဖြတ်သန်းပြီးတော့ ဦးနှောက်ကသတင်းအချက်အလက်တွေကို ကျန်တဲ့ခန္ခာကိုယ်အစိတ်အပိုင်းတွေဆီကိုပို့ဆောင်ပေးပါတယ်။ ပတ်ပတ်လည်မှာရှိတဲ့ အရိုးန့ဲတစ်သျှူးတွေက ဒီအာရုံကြောကိုကာကွယ်ပေးထားပါတယ်။ တကယ်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် ဒီအာရုံကြောတွေထိခိုက်ပျက်စီးသွားပါက လမ်းလျှောက်ခြင်း၊ ခန္ဓာကိုယ်ဟန်ချက်နဲ့ အတွေ့အထိအာရုံ စတာတွေကိုထိခိုက်စေနိုင်ပါတယ်။

      Spinal stenosis ဆိုတာကတော့ ကျောရိုးမတိုင်ကျဉ်းလာပြီးတော့ ကျောရိုးအာရုံကြောမကိုဖိတဲ့အခြေအနေကိုခေါ်ပါတယ်။ ဒါက တဖြည်းဖြည်းဖြစ်ပေါ်လာတတ်ပါတယ်။ နည်းနည်းပဲကျဉ်းတာဆိုရင်ဘာလက္ခဏာမှမပြနိုင်ပါဘူး။ အရမ်းကျဉ်းလာရင်တော့ အာရုံကြောကိုဖိမိပြီး ပြသနာတွေဖြစ်ပေါ်စေပါလိမ့်မယ်။

      ကျောရိုးတိုင်တစ်လျှောက်ဘယ်နေရာမှာမဆို ကျဉ်းနိုင်သလို ဘယ်လောက်ကျဉ်းမယ်ဆိုတာကလည်း အမျိုးမျိုးကွဲပြားနေပါတယ်။

>> ရောဂါလက္ခဏာများ

      အချိန်ကြာလာတာန့ဲအမျှ အာရုံကြောကိုပိုပိလာလေလေ ရောဂါလက္ခဏာပိုဆိုးလာလေလေပါ။ အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

• ခြေထောက်နှင့်လက်များအားနည်းလာခြင်း

• မတ်တပ်ရပ်လျှင် (သို့) လမ်းလျှောက်လျှင် ခါးနာခြင်း

• ခြေထောက်နှင့် တင်ပါးများထုံကြဉ်ခြင်း

• ဟန်ချက်မထိန်းနိုင်သောပြသနာများ

      ထိုင်ခုံမှာထိုင်လိုက်တဲ့အချိန်မှာ ရောဂါလက််္ခဏာ ခဏတာသက်သာသွားနိုင်ပေမယ့်လည်း မတ်တပ်ရပ်လိုက် လမ်းလျှောက်လိုက်တာနဲ့ ပြန်ခံစားရပါလိမ့်မယ်။

>> ကျောရိုးမအာရုံကြောညပ်ခြင်းဖြစ်စေသောအကြောင်းအရင်းများ

      အဖြစ်အများဆုံးအကြောင်းအရင်းက အသက်ကြီးလာခြင်းပါ။ အသက်ကြီးလာတဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုလုံးဆုတ်ယုတ်လာတဲ့ဖြစ်စဉ်တွေဖြစ်လာပါတယ်။ ကျောရိုးမှာရှိတဲ့တစ်သျှူးတွေက ပိုထူလာမယ်၊ အရိုးတွေက ပိုကြီးလာပြီးတော့ အာရုံကြောကိုသွားဖိပါတယ်။ အရိုးအဆစ်များရောင်ရမ်းခြင်း၊ လေးဖက်နာစတာတွေကြောင့်လည်း အာရုံကြောညပ်နိုင်ချေကိုပိုများစေပါတယ်။ ဒီရောဂါတွေကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းတွေက ကျောရိုးအာရုံကြောမအပေါ်ဖိအားသက်ရောက်စေပါတယ်။

      ကျောရိုးအာရုံကြောညပ်စေတဲ့အခြားအကြောင်းအရင်းတွေကတော့-

• မွေးရာပါကျောရိုးမပုံမမှန်ခြင်း

• ကျောရိုးမအာရုံကြောသဘာဝအတိုင်းကျဉ်းနေခြင်း

• ကျောရိုးမအနေအထား

• ပုံမမှန်သောအရိုးပျက်စီးခြင်း၊ ပြန်လည်ကြီးထွားခြင်းများကိုဖြစ်စေသော Paget’s disease

• အရိုးကင်ဆာ

• လူပုရောဂါတစ်မျိုးဖြစ်သော achondroplasia

>> ရောဂါရှာဖွေဖော်ထုတ်ခြင်း

      ကျောရိုးမအာရုံကြောညပ်နေတဲ့လက္ခဏာတွေတွေ့တယ်ဆိုရင် ရောဂါရာဇဝင်မေးမြန်းခြင်း၊ စစ်ဆေးခြင်း၊ လှုပ်ရှားမှုတွေကိုကြည့်ခြင်းတွေ လုပ်ပါလိမ့်မယ်။ ပြီးရင် အောက်ပါစစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။

• ကျောရိုးကိုကြည့်ဖို့အတွက် ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန် (CT), သံလိုက်ဓာတ်မှန် (MRI)

• ကျောရိုးမအာရုံကြောတွေရဲ့ ကျန်းမာရေးကိုစစ်ဆေးဖို့အတွက် electromyelogram

• Bone scan- အရိုးပျက်စီးခြင်း၊ ပုံမမှန်ခြင်းများရှိမရှိစစ်ဆေးဖို့အတွက် အရိုးစကင်

>> ကုထုံးတွေက ဘာတွေရှိသလဲ

ပထမအဆင့်ကုထုံး

======

      ပထမဆုံးအနေနဲ့ ဆေးဝါးတွေနဲ့ ကုသကြည့်ရပါမယ်။ အဓိကကတော့ နာကျင်တာတွေသက်သာစေဖို့ပါ။ ကျောရိုးမထဲကို Cortisone ဆေးထိုးခြင်းကလည်း ရောင်ရမ်းခြင်းတွေကိုလျော့ကျစေနိုင်ပါတယ််။ အကိုက်အခဲပျောက်ဆေးတွေက နာကျင်မှုတွေကိုသက်သာစေနိုင်ပါတယ်။

      ကြွက်သားတွေသန်မာစေဖို့နဲ့ ခန္ဓာကိုယ်ကိုညင်သာစွာဆွဲဆန့်ပေးမယ့် လေ့ကျင့်ခန်းကုထုံးက ကူညီပေးနိုင်ပါတယ်။

ခွဲစိတ်ခြင်း

=====

      နာကျင်ကိုက်ခဲတာအလွန်ပြင်းထန်ရင် (သို့) အာရုံကြောဆိုင်ရာဆုံးရှုံးမှုတွေရှိရင် ခွဲစိတ်ကုသမှုခံယူဖို့လိုပါတယ်။ ခွဲစိတ်ခြင်းက ဖိအားကို ရာသက်ပန်သက်သာရာရစေပါတယ်။ ခွဲစိတ်မှုအမျိုးမျိုးရှိပါတယ်။

• Laminectomy - အသုံးအများဆုံးခွဲစိတ်မှုပါ။ အာရုံကြောနေရာများများရစေဖို့အတွက် ကျောရိုးဆစ်အစိတ်အပိုင်းအချို့ကို ခွဲစိတ်ဖယ်ရှားလိုက်ခြင်းဖြစ်ပါတယ်။

• Foraminotomy - ဆိုတာကတော့ အာရုံကြောရှိတဲ့နေရာကိုကျယ်သွားစေဖို့ွှတွက် အရိုးကိုဆွဲချဲ့လိုက်ခြင်းဖြစ်ပါတယ်။

• Spinal fusion - ပြင်းထန်တဲ့ဖြစ်ရပ်တွေမှာအသုံးအျားပါတယ်။ အထူးသဖြင့် အရိုးအဆင့်အတော်များများပါဝင်ထိခိုက်နေခြင်း ။ ထိခိုက်နေတဲ့အရိုးတွေကိုတွဲထားနိုင်ဖို့အတွက် အရိုးအစားထိုးခြင်း (သို့) သတ္တုချောင်းထည့်ခြင်းတွေလုပ်ရပါတယ်။

>> ကျောရိုးမအာရုံကြောညပ်ခြင်းကို ရင်ဆိုင်ဖြေရှင်းနည်းများ

      အာရုံကြောကျဉ်းလို့ဖြစ်တဲ့ နာကျင်မှုကိုသက်သာစေဖို့အတွက် ခွဲစိတ်ခြင်းမဟုတ်တဲ့အခြားနည်းလမ်းတွေကတော့-

• ရေနွေးအိတ် (သို့) ရေခဲကပ်ခြင်း

• နှိပ်နယ်ခြင်း

• အပ်စိုက်ကုသခြင်း

>> အာရုံကြောညပ်ခြင်းခံစားနေရတဲ့လူတွေအတွက် ရေရှည်ပြုစုစောင့်ရှောက်နည်းများ

ကျောရိုးမအာရုံကြောကျဉ်းတဲ့လူအများစုက တက်တက်ကြွကြွနဲ့ ဘဝသက်တမ်းပြည့်အောင်နေနိုင်ကြပါတယ်။ ဒါပေမယ့်လည်း ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုပြင်ပြောင်းလဲဖို့တော့လိုအပ်ပါတယ်။ ကုထုံးခံယူပြီးနောက် (သို့) ခွဲစိတ်မှုခံယူပြီးနောက်မှာလည်း လူအတော်များများမှာ နာကျင်မှုအနည်းငယ်ကျန်နေတတ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)