ကြက်သွန်ဖြူနဲ့ နှလုံးကျန်းမာရေး
ကြက်သွန်ဖြူ ဆိုတာဟာ ကမ်ဘာပေါ်မှာ ရှေးအကျဆုံး၊ အသုံးအများဆုံး သဘာဝဆေးဖက်ဝင်ပစ္စည်းတစ်မျိုး ဖြစ်တယ်။ ပိုးဝင်တာ သက်သာဖို့၊ အစာကြေစေဖို့ သုံးခဲ့ကြတယ်။
အခုခေတ်မှာဆိုရင် ကြက်သွန်ဖြူဟာ နှလုံးကျန်းမာရေးကို ကောင်းစေနိုင်တယ်ဆိုတဲ့ သက်သေတွေ အများကြီးရှိလာပြီ။
>> ကြက်သွန်ဖြူရဲ့ကောင်းကျိုး
ဗြိတိန်နှလုံးဖောင်ဒေးရှင်းရဲ့အဆိုအရ ၈ မိနစ်တစ်ခါ ယူကေနိုင်ငံရှိ လူတစ်ယောက် နှလုံးရောဂါနဲ့ သေနေတယ်လို့ သိရတယ်။ ဒီလိုဖြစ်နှုန်းကိုကျစေရန် ကြက်သွန်ဖြူကို များများထည့်စားပေးဖို့လိုတယ်။ ကြက်သွန်ဖြူဟာ သွေးတိုးကို ကျစေတာ၊ သွေးတွင်းကိုလက်စထရောကို ကျစေတာ၊ နှလုံးရောဂါကို ကာကွယ်တာ၊ သွေးတွင်းအဆီဖုံးတာကို ကာကွယ်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တယ်။
ကြက်သွန်ဖြူ အရသာကြီးကို မကြိုက်ဘူးဆိုရင်လည်း စိတ်မညစ်သွားနဲ့ဦးနော်။ ဆေးတောင့်ဆေးပြားပုံစံနဲ့ သောက်လည်း နှလုံးအတွက် ကောင်းပါတယ်။
သွေးပေါင်ဆိုတာ သွေးလွှတ်ကြောနံရံတွေဆီ သွေးတိုးနှုန်းကို တိုင်းတာတာပါ။ အပေါ်သွေးဆိုတာ နှလုံးခုန်တဲ့အခါတိုင်းမှာရှိတဲ့ ဖိအားဖြစ်ပြီး အောက်သွေးကတော့ နှလုံးခုန်တဲ့ကြားအချိန်မှာရှိတဲ့ ဖိအားဖြစ်တယ်။
၂၀၁၂ ကော့ခရိန်းလေ့လာမှုမှာ သွေးတိုးရှိသူ ၈၇ ယောက်ပါတဲ့ လေ့လာမှု ၂ ခုနဲ့ ကြက်သွန်ဖြူ ရဲ့ သွေးတိုးအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခဲ့တယ်။ ကြက်သွန်ဖြူဟာ ရပ်လျက် အပေါ်သွေး အောက်သွေး ပေါင် ပျမ်းမျှကို ၁၀-၁၂ mmHg နဲ့ ၆-၉mmHg ကျစေနိုင်တာကို တွေ့ရတယ်။
>> သွေးတွင်းကိုလက်စထရောများခြင်းနဲ့ သွေးကြော အဆီဖုံးခြင်း
ခန္ဓာကိုယ် ပုံမှန်အလုပ်လုပ်ဖို့အတွက် ကိုလက်စထရော လိုအပ်ပေမယ့် အရမ်း များလာရင်တော့ သွေးကြောတွေမှာ သွားပုံတတ်တယ်။ သွေးကြော အဆီဖုံးလာတဲ့အခါ သွေးစီးနှုန်း နည်းသွားတာ၊ သွေးနောက်ပြန်စီးတာတွေပါ ဖြစ်လာပြီးတေ့ာ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်သွားနိုင်တယ်။
ကြက်သွန်ဖြူဟာ ကိုလက်စထရောကိုလည်း ကျစေနိုင်စွမ်းရှိတယ်။ အောက်စဖို့တက္ကသိုလ်က ၁၉၉၄ မှာ လုပ်ခဲ့တဲ့ လူ ၉၅၂ ယောက်ပါတဲ့ လေ့လာမှုအရ ကြက်သွန်ဖြူ ဆေးသောက်ထားသူတွေဟာ သွေးတွင်းကိုလက်စထရော ၁၂% လောက် ကျသွားစေနိုင်တယ်လို့ သိရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























