ကြာကြာထိုင်ရင် ဘာဖြစ်မလဲ
- ဦးနှောက်လုပ်ငန်းစဉ်များပိုနှေးသွားခြင်း
- လည်ပင်းအားစိုက်ထားရခြင်းကြောင့် နောက်ကျောနှင့် ပုခုံးကြွက်သားများနာခြင်း
- ကြွက်သားများယုတ်လျော့ခြင်း
- ဝမ်းဗိုက်ကြွက်သားတွေ မသုံးတာကြာတဲ့အတွက် အားနည်းပြီး လျော့တိလျော့ရဲဖြစ်လာမယ်။
- တင်ပါးကြွက်သားဆန့်ထုတ်မှုနည်းတဲ့အတွက် လှုပ်ရှားမှုအားနည်းခြင်း
- ကျောရိုးမပျော့ပြောင်းမှုမရှိခြင်း
- ကျောရိုးတစ်ဝိုက်ရှိ အရွတ်များမာကြောလာခြင်း
- ကျောရိုးကြားရှိအဆက်ကလေးများပျက်စီးခြင်း၊ ကျွံကျခြင်း
- ကိုယ်တွင်းအင်္ဂါများပျက်စီးခြင်း
- နှလုံးသွေးစီးဆင်းမှု နှေးသွားခြင်း
- သွေးတိုးခြင်း
- ရင်သား၊ အူမကြီးနှင့် သားအိမ်ကင်ဆာဖြစ်နိုင်ချေများခြင်း
Dr.Mya Myo Myo Swe






























