ကြွက်သားထုံးတယ်ဆိုတာ ဘာကိုပြောတာလဲ
ကြွက်သားထုံးတာဆိုတာ ခန္ဓာကိုယ်ရဲ့ ကြွက်သားဧရိယာလေး ကွက်ကွက်လေးမှာ ဖိလိုက်၊ ထိလိုက်တာနဲ့ အရမ်းနာလာတာ ဖြစ်ပါတယ်။ ကြွက်သားနဲ့ အရွတ်နဲ့ ဆက်ရာနေရာကနေ စဆင်းပြီး နာလာတတ်တာပါ။
ခန္ဓာကိုယ်မှာ တစ်နေရာတည်း ကွက်ကွက်လေး နာနေပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ ကြွက်သားအထုံးလေးတွေ ဘာကြောင့်ဖြစ်ရသလဲ တွေးလို့ရအောင်ပါ။
ကြွက်သားတွေကို ထပ်ခါထပ်ခါ အသုံးပြုခြင်းကတော့ ဖြစ်စေတဲ့ ထိပ်ဆုံးအကြောင်းရင်းပါတဲ့။
● ဂေါက်ရိုက်တာ
● အပြေးလေ့ကျင့်ခန်း
● အိမ်ဆေးသုတ်တာမျိုး
ကြွက်သားတွေကို မသုံးဘဲ အကြာကြီးပစ်ထားတာလိုမျိုး ဘာလေ့ကျင့်ခန်းမှမလုပ်ဘဲ ဒီတိုင်းထားရင်လည်း ထုံးတတ်တာပါပဲ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ဝါသနာမပါသူတွေ၊ ညတိုင်း တီဗီကြာကြာကြည့်သူတွေ၊ ခြေညောင်း လက်ဆန့်လုပ်ရမှာတောင် ပျင်းသူတွေကတော့ တစ်ခုခုဆိုတာနဲ့ ကြွက်သားဒဏ်ဖြစ်ဖို့ ရယ်ဒီအနေအထား ရှိသူတွေပါတဲ့။ ချော်လဲကျတဲ့အခါ ကြွက်သားတွေ တင်းသွား၊ နာသွားတာတွေလည်း ရှိတတ်ပါသေးတယ်။
>> ဘာကြောင့် တစ်နေရာတည်း ကွက်နာတာလဲ?
● လှူံဆော်မှုများခြင်း
● လုံလောက်တဲ့ပြေလျှော့မှုမရှိခြင်း
● အားကုန်တဲ့အထိ လေ့ကျင့်ခန်းလုပ်ခြင်းတွေကလည်း ကြွက်သားတွေကို တစ်နေရာတည်းကွက်ပြီး ဒဏ်ဖြစ်စေပါတယ်။
● တကယ်လို့ ဒီတိုင်း ဆက်သွားမယ်၊ နာနေပါလျက်နဲ့ ဆက်လုပ်မယ်ဆိုရင် ကြွက်သားတွေ စုတ်ပြဲဒဏ်ဖြစ်စေမှာ ဖြစ်ပါတယ်။
မိမိနဲ့ လက်ဖဝါး လက်သီးဆုပ်တွေကိုသုံးပြီး အသာအယာ နှိပ်နယ်ဆုပ်ပေးသင့်ပါတယ်။ ပြင်းပြင်းထန်ထန် အနှိပ်ခံတာကလည်း ကြွက်သားထုံးတွေကို ပိုဆိုးစေပါတယ်။
ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းဖြစ်တဲ့ အကွေးအဆန့် အပူအအေးကပ်ခြင်း၊ ယောဂကျင့်ခြင်း စတာတွေနဲ့ ကြွက်သားတွေကို တင်းကြပ်ခြင်းလျော့ပါးပြီး ပြန်လည်သန်စွမ်းလာဖို့ ကြိုးစားကြည့်နိုင်ပါတယ်။ နားလည်တတ်ကျွမ်းတဲ့ အကြောအဆစ်ပညာရှင်ဟာ သင့်ကို အများကြီး အကူအညီပေးနိုင်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























