/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြွက်သားနာကျင်မှုကို-သက်သာစေတဲ့-ငရုတ်သီး

ကြွက်သားနာကျင်မှုကို သက်သာစေတဲ့ ငရုတ်သီး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အစားအစာတွေ မွှေးကြိုင်စေဖို့ အသုံးပြုလေ့ရှိတဲ့ ငရုတ်သီးမှာ ကျန်းမာရေးအတွက်လိုအပ်တဲ့ အာဟာရ ဓာတ်တွေများစွာပါ၀င်ပါတယ်။ ငရုတ်သီးမှာ ပါ၀င်တဲ့ capsaicin ဓာတ်ဟာ အဆစ်ရောင်နာ၊ ကြွက်သားနာကျင် ကိုက်ခဲမှုတွေကို သက်သာစေနိုင်တဲ့အတွက် ငရုတ်မှုန့်ကိုအသုံးပြုပြီး ကိုယ်တိုင်လုပ်ခရင်မ် အဖြစ်ဖော်စပ်ကာ နာကျင်မှုေ၀ဒနာလျော့ပါးအောင် ပြုလုပ်နိုင်ပါတယ်။

          ငရုတ်မှုန့်နဲ့ ရှားစောင်းလက်ပပ်ကိုရောကာ နာကျင်နေတဲ့ကြွက်သား၊ ရောင်ရမ်းနေတဲ့ အဆစ်ပေါ်မှာ လိမ်းပေါ်နိုင်သလို ငရုတ်မှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ သံလွင်ဆီ ၂ အောင်စ ရောပြီး လိမ်းပေးပါကလည်း နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် မိမိကိုယ်တိုင်ဖော်စပ်တဲ့ဆေးနည်းမှာ capsaicin ဓာတ်ပိုသွားပါက အရေပြားလောင်သွားစေနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ နာကျင်တဲ့ နေရာအပေါ် လိမ်းဆေးလိမ်းပြီးနောက်မှာ လက်ကို ဆပ်ပြာ၊ ရေနဲ့ စင်ကြယ်စွာဆေးဖို့ကိုလည်း သတိမမေ့သင့်ပါဘူး။

 

 Cho Thet

www.drmyanmar.com