/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြွက်သားအားနည်းခြင်းကို-တားဆီးပေးနိုင်သော-စိတ်လေ့ကျင့်ခန်း

ကြွက်သားအားနည်းခြင်းကို တားဆီးပေးနိုင်သော စိတ်လေ့ကျင့်ခန်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကိုယ်တစ်ပိုင်းမလှုပ်ရှားနိုင်သူများတွင် အသုံးမပြုတော့သောကြွက်သားများဟာ တဖြည်းဖြည်းသိမ်လာပြီး အားနည်းလာတတ်ပါတယ်။ ဒီလိုအားနည်းလာတာကိုကာကွယ်ဖို့ (သို့) မြန်မြန်ဆန်ဆန်အားနည်းလာတာမျိုး မဖြစ်အောင်လို့ စိတ်လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။

        Ohio တက္ကသိုလ်မှ သုတေသီများက ကြွက်သားလှုပ်ရှားမှုတွင် ဦးနှောက်၏အခန်းကဏ္ဍမည်မျှ ပါ၀င်မှုရှိကြောင်းလေ့လာခဲ့ရာ ဦးနှောက်သည် ကြွက်သားလှုပ်ရှားမှုရရှိစေရန်အတွက် အဓိကကျသော အခန်း ကဏ္ဍတစ်ခုအဖြစ် စေ့ဆော်ပေးခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။ သုတေသီများက ၎င်းတို့၏လေ့လာမှုအား အခိုင်အမာညွှန်းဆိုရန်အတွက် ကျန်းမာရေးကောင်းမွန်သော အစမ်းသပ်ခံများအား လက်ကောက်၀တ် လှုပ်ရှားနိုင်စွမ်းမရှိစေရန် လက်ကောက်၀တ်ပတ် cast ကိုလေးပတ်ကြာ ၀တ်ဆင်ပေးထားပြီး အဖွဲ့ 2 ဖွဲ့ ခွဲခဲ့ပါတယ်။ ပထမအဖွဲ့၀င်များကို စိတ်လေ့ကျင့်ခန်းမလုပ်စေဘဲ ဒုတိယအဖွဲ့၀င်ကိုတော့ စိတ်ကူးထဲတွင် ကြွက်သားများ အမှန်တကယ် လှုပ်ရှားနေကြောင်းတစ်ပတ်လျှင် 5 ရက် စိတ်တွင် တွေးတောစေခဲ့ပါတယ်။ လေးပတ်အပြီး Cast ကိုဖယ်ရှားလိုက်တဲ့အခါမှာ ဒုတိယအဖွဲ့မှ အဖွဲ့၀င်များက ပုံမှန်အတိုင်း ကြွက်သားများကို အသုံးပြုနိုင်ပြီး အားနည်းသွားခြင်းမရှိကြောင်းတွေ့ရပြီး ပထမအဖွဲ့၀င်တွေကတော့ အချိန်ကာလအနည်းငယ်လောက်တော့ ကြွက်သား အားနည်းသွားသလို ခံစားခဲ့ရတယ်လို့သိရှိရပါတယ်။

        ဒါ့ကြောင့် ကြွက်သားများအစစ်အမှန်လှုပ်ရှားနေကြောင်းကို စိတ်ဖြင့်တွေးသောလေ့ကျင့်ခန်း သည် ကြွက်သားများအားနည်းခြင်းမှ အကောင်းဆုံးတားဆီးပေးနိုင်သော နည်းလမ်းဖြစ်ပါတယ်ဟု လေ့လာသူများက အကြံပြုထားသည်။

 

CMS (www.drmyanmar.com)