/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကွန်ပျူတာ-screen-ကြောင့်-မျက်လုံးမထိခိုက်စေရန်-နည်းစနစ်တကျ

ကွန်ပျူတာ Screen ကြောင့် မျက်လုံးမထိခိုက်စေရန် နည်းစနစ်တကျ ကာကွယ်ပါ။

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မျက်လုံးအားနည်းစနစ်ကျကျ ကာကွယ်မှုပြုလုပ်ပေးပါက ကွန်ပျူတာ Screen ကြောင့် မျက်လုံးကိုထိခိုက်မှုမရှိစေနိုင်ဟု မျက်စိရောဂါအထူးကုဆရာ၀န် Dr. Anne Sumers က ပြောကြားခဲ့ကြောင်းသိရှိရသည်။

        ကွန်ပျူတာ screen မှ မျက်လုံးအား အန္တရာယ်ရှိစေနိုင်လောက်သော ရောင်ခြည်များဖြာထွက်မှု မရှိခြင်းကြောင့် မျက်လုံးထိခိုက်မှုမရှိစေနိုင်ကြောင်း၊ မျက်လုံးညောင်းညာ၊ ကိုက်ခဲ၊ ပန်းပန်းနွမ်းလျမှုကို ခံစားရခြင်းသည် မျက်လုံးအားအနားမပေးဘဲ တစ်ချိန်လုံးအာရုံစူးစိုက်နေခြင်းကြောင့်ဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် နည်းလမ်းများစွာရှိကြောင်းကို Dr. Anne Sumers က ရှင်းပြခဲ့ပြီး မျက်လုံးကျိန်းစပ်ခြင်း၊ ညောင်းညာခြင်းတို့မှ ကာကွယ်နိုင်ရန်အတွက် TV နှင့် ကွန်ပျူတာကြည့်ရန် ပြုလုပ်ထားသော မျက်မှန်တပ်ဆင်ရန်၊ ကွန်ပျူတာကြည့်ချိန်တွင် ပုံမှန်ထက်မျက်တောင်ခတ်နှုန်းလျော့နည်းသောကြောင့် နာရီ၀က်ကြာတိုင်းမျက်စိကို 5 စက္ကန့် စုံမှိတ်ပြီးအနားပေးရန်၊ artificial tear solution မျက်ရည်တုခတ်ပေးရန်၊ မိနစ် 20 ကြာတိုင်းပေ 20-50 အကွာကို စက္ကန့် 20 ကြာလောက် ကြည့်ရှုပေးရန် အကြံပြုခဲ့ပါသည်။

 

 CMS (www.drmyanmar.com)