/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခဏခဏ-အိပ်ငိုက်နေသူများ-ဖတ်ဖို့

ခဏခဏ အိပ်ငိုက်နေသူများ ဖတ်ဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းလို့ခေါတဲ့ ရောဂါဟာ လူတိုင်းမဖြစ်တတ်ပါဘူး။ ဖြစ်ပြီဆိုရင်လည်း အိပ်ရေးမဝသလို ဆိုးဆိုးဝါးဝါး ခံစားရတတ်ပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှူရပ်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ Quality Sleep လို့ခေါ်တဲ့ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ခြင်းကို မရတော့ပါဘူး။

•        မယ်ရီဟာ တစ်ချိန်လုံး အိပ်ငိုက်နေပါတယ်။ စာသင်ချိန် ရည်းစားနဲ့ ချိန်းတွေ့ချိန် လူကြီးနဲ့ စကားပြောနေချိန်မှာတောင် ဟန်မဆောင်နိုင်ပါဘူး။ သိပ်ဝလာပြီး မကြာခင် အဲဒီလိုခံစားရတာ ဖြစ်ပါတယ်။

•        ဂျွန်ဟာ အသက် ၄၀ အရွယ် ဝဝဖိုင့်ဖိုင့်ပါ။ ကားမောင်းနေရင်း အိပ်ငိုက်မလိုဖြစ်ပြီး လမ်းဘေးကို ကားထိုးကျသွားပါတယ်။ ကံကောင်းလို့ ဘာမှမဖြစ်တာပေါ့။

•        အလုပ်လုပ်တိုင်း၊ စာရင်းတွေစစ်တိုင်း အာရုံစိုက်လို့မရပါဘူး။ အချိန်တိုင်း နွမ်းနယ်နေပြီး မူးနောက်နေတတ်တဲ့အတွက် လီဆာတစ်ယောက် အလုပ်နားလိုက်ပြီး ဆေးစစ်ကြည့်ရပါတော့တယ်။

          အိပ်ပျော်နေရင်း အသက်ရှူရပ်သွားတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အဝလွန်တာတွေ  အိပ်နေစဉ် အသက်ရှူလမ်းကြောင်း အချက်ပြတွေ ကောင်းကောင်း လွှင့်ထုတ်မပေးနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။

          ဒီအတွက် အထူးကုသမှု လိုအပ်တတ်ပါတယ်။

•        အကြောင်းရင်းမရှိဘဲ အိပ်ငိုက်လွန်းမယ်။

•        စိတ်တို စိတ်ဆတ်လာမယ်။

•        အရမ်း နွမ်းနယ်ပင်ပန်းမယ်။

•        အာရုံ မစိုက်နိုင်ဘူး။

•        အိပ်နေရင်း အရမ်း ဟောက်တတ်မယ်။

•        မနက်တိုင်း နိုးလာတို်င်း ခေါင်းကိုက်မယ်။

•        အိပ်ရေး မဝသလို အမြဲစိတ်မကြည်မသာ ဖြစ်နေမယ်ဆိုရင်တော့ ဒီရောဂါကို အရင်အလေးပေး စဉ်းစားပြီး ကုသမှုခံယူသင့်ကြောင်း အကြံပြုပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)